Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all 13590 articles
Browse latest View live

ဆရာတွေယုံကြည်ရတဲ့ အနုပညာရှင်ဖြစ်အောင် ကြိုးစားမယ် - ရွှေသမီး

$
0
0


အနုပညာပျိုးခင်း က ဆရာတွေဖြစ်တဲ့ လူမင်း ၊ ခန့်စည်သူ ၊ မြင့်မြတ် ၊ နေတိုး ၊ ပြေတီဦး တို့ ယုံကြည်ရတဲ့ အနုပညာရှင်ကောင်း ဖြစ်အောင် ကြိုးစားပါမယ်လို့ သရုပ်ဆောင် ရွှေသမီး က MC သို့ပြောပါတယ်။

 “ ပျိုးခင်းက ဆရာ(၅)ယောက်ကိုလည်း နှစ်သစ်မှာ ကန်တော့ပါတယ် ။ ဆရာတွေ ယုံကြည့်ရတဲ့ အနုပညာကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပါမယ်လို့ပြောချင်ပါတယ်။ ဆရာတွေနဲ့အမှတ်တရကတော့ အများကြီးရှိပါတယ်။ ပျိုးခင်းက ဆရာတွေနှစ်သစ်မှာ  ကျန်းမာချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ ။ မိသားစုနဲ့ လည်းပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ အလုပ်ကိုင်တွေ လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ” -  ရွှေသမီး
By MyanmarCelebrity





#MyanmarCelebrity #ShweThamee

ယွန်းဝတီလွင်မိုး နှင့် ထက်ဦးလှိုင် တို့ရဲ့ မင်္ဂလာ လက်မှတ်ရေးထိုးပွဲ

$
0
0

သရုပ်ဆောင် ယွန်းဝတီလွင်မိုး နှင့် ထက်ဦးလှိုင် တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်၊ Melia Hotel မှာ ကျင်းပခဲ့ပါတယ်။












OPPO F5 Series Show ပွဲ မှာ ဖျော်ဖြေခဲ့တဲ့ အဆိုတော် မိစန္ဒီ

$
0
0

ဇန်ဝါရီလ (၃) ရက်နေ့က ရန်ကုန်၊ လှည်းတန်းစင်တာ မှာ ကျင်းပခဲ့တဲ့ OPPO F5 Series ရဲ့ "New Year Fresh Experience Road Show"ဖျော်ဖြေပွဲ တွင် အဆိုတော် မိစန္ဒီ က ပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်။














#MyanmarCelebrity #MiSandi #OPPOMyanmar

"The Pizza Company"ကံထူးရှင်ရွေးချယ်ပွဲ အနုပညာရှင်များဖော်ျဖြေ

$
0
0

 "The Pizza Company"ရဲ့ New Year Promotion ကံထူးရှင်ရွေးချယ်ပွဲ ကို ဇန်န၀ါရီလ (၄) ရက်နေ့ က ရန်ကုန်မြို့၊ Myanmar Plaza မှာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အဆိုတော် ရဲလေး၊ ဂျိုကာ၊ အိမ့်ချစ်၊ ၀ိုင်းလေး နှင့် ဟန်သီ တို့က ဖျော်ဖြေခဲ့ပါတယ်။

















 #MyanmarCelebrity #YeLay #Jokker #EaintChit #WyneLay #HanThi

"The Pizza Company"ကံထူးရှင်ရွေးချယ်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ အိမ့်ချစ်

$
0
0


"The Pizza Company"ရဲ့ New Year Promotion ကံထူးရှင်ရွေးချယ်ပွဲ ကို ဇန်န၀ါရီလ (၄) ရက်နေ့က ရန်ကုန်မြို့၊ Myanmar Plaza မှာပြုလုပ်ခဲ့ပြီး အဆိုတော်အိမ့်ချစ်က လာရောက်ဖျော်ဖြေခဲ့ပါတယ် ။
 










#MyanmarCelebrity #EaintChit


မောင်ထက်ဦးလှိုင် နှင့် သရုပ်ဆောင်ယွန်းဝတီလွင်မိုး တို့ရဲ့ မင်္ဂလာညစာစားပွဲ(၁)

$
0
0



မောင်ထက်ဦးလှိုင် နှင့် သရုပ်ဆောင် ယွန်းဝတီလွင်မိုး တို့ရဲ့ မင်္ဂလာညစာစားပွဲကို ဇန်န၀ါရီလ (၄) ရက်နေ့ က ရန်ကုန် ၊ MeliaHotel မှာ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာအခမ်းအနားသို့ နှစ်ဖက်သော မိဘဆွေမျိုးများ ၊ အနုပညာအသိုင်းဝိုင်းမှ မိတ်ဆွေများ တတ်ရောက်ခဲ့ကြပါတယ်။






































#MyanmarCelebrity #YoonWatiLwinMoe #LwinMoe

နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနုပညာရှင်များဖျော်ဖြေ

$
0
0

နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို ဇန်န၀ါရီလ (၄) ရက်နေ့က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ အဆိုတော် မာမာအေး ၊ ဖြိုးပြည့်စုံ ၊ အောင်ထက် ၊ အစ္စဏီ ၊ ရတနာမိုင် ၊ ၀ိုင်းလေး တို့က ဖျော်ဖြေခဲ့ကြပါတယ်။




























#MyanmarCelebrity #MarMarAye #PhyoPyaeSone #AungHtet #YadanaMy #WyneLay

မောင်ထက်ဦးလှိုင် နှင့် သရုပ်ဆောင်ယွန်းဝတီလွင်မိုး တို့ရဲ့ မင်္ဂလာညစာစားပွဲ (၂)

$
0
0

မောင်ထက်ဦးလှိုင် နှင့် သရုပ်ဆောင် ယွန်းဝတီလွင်မိုး တို့ရဲ့ မင်္ဂလာညစာစားပွဲကို ဇန်န၀ါရီလ (၄) ရက်နေ့ က ရန်ကုန် ၊ MeliaHotel မှာ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာအခမ်းအနားသို့ နှစ်ဖက်သော မိဘဆွေမျိုးများ ၊ အနုပညာအသိုင်းဝိုင်းမှ မိတ်ဆွေများ တတ်ရောက်ခဲ့ကြပါတယ်။

































#MyanmarCelebrity #HtetOoHlaing#YoonWaDiLwinMoe

လွတ်လပ်ရေး လှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် (မြန်မာနိုင်ငံပြပွဲ) စာနယ်ဇင်းရှင်းလင်းပွဲ

$
0
0

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှင့် ကိုရီးယားနိုင်ငံ ဟန်အီ ရုပ်သံသမိုင်း ဖောင်ဒေးရှင်းတို့ ပူပေါင်းပြီး ပထမဆုံးအကြိမ် အဖြစ် လွတ်လပ်ရေး လှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် (မြန်မာနိုင်ငံပြပွဲ) စာနယ်ဇင်း ရှင်းလင်းပွဲကို ဇန်န၀ါရီလ (၃) ရက်နေ့က ရန်ကုန်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။












 #MyanmarCelebrity

"ဆိုင်းကြိုက်တဲ့ မောင်"ရုပ်ရှင်ဇာတ်ကား မှ အနုပညာရှင်များ ပရိသတ်နှင့်တွေ့ဆုံ

$
0
0

"ဆိုင်းကြိုက်တဲ့ မောင်"ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သည့် အနုပညာရှင်များ ပရိတ်သတ်နှင့် အမှတ်တရ လတ်မှတ်ရေးထိုးပွဲကို ဇန်န၀ါရီ (၄) ရက်နေ့က ရှေ့ဆောင်ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ် ။ လတ်မှတ်ရေးထိုးပွဲကို သရုပ်ဆောင် မြင့်မြတ် ၊ သက်မွန်မြင့် တို့နှင့်အတူ အနုပညာရှင်များ တတ်ရောက်ခဲ့ကြပါတယ်။

























#MyanmarCelebrity #ThetMonMyint #SaiKyiteTatMaungMovie

ရွှေဇင်Expressကား လက်မှတ်ကြော်ငြာ ရိုက်နေတဲ့ စည်သူပလပ်ကျွတ် နဲ့ ဖြူဖြူထွေး

$
0
0


ဇန်န၀ါရီလ (၃) ရက်နေ့ က သရုပ်ဆောင် စည်သူ ပလပ်ကျွတ် နှင့် ဖြူဖြူထွေး တို့ရဲ့ ရွှေဇင် Express ကားလက်မှတ် ၀န်ဆောင်မှု ကြော်ငြာ ရိုက်ကွင်းမှာ တွေ့ရတဲ့ ပုံရိပ်တွေကို MyanmarCelebrity ကတင်ဆက်လိုက်ပါတယ်။





#MyanmarCelebrity #SiThuPlatKyaunt#PhyuPhyuHtway

"ယောက်ခမ တောဝ"ဗီဒီယိုဇာတ်ကား ရိုက်နေတဲ့ ကျော်ရဲအောင် နဲ့ ဆုမြတ်နိုးဦး

$
0
0

"ယောက်ခမ တောဝ"ဗီဒီယိုဇာတ်ကားကို ဇန်န၀ါရီလ (၃) ရက်နေ့က သန်လျင်တွင် ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာမျိုးထူး က ရိုက်ကူးပုံဖော်နေပြီး  သရုပ်ဆောင် ကျော်ရဲအောင်၊ စိုးသီဟ၊ လှမျိုးသဉ္ဖာနွယ်၊ ဆုမြတ်နိုးဦး၊ ခင်မို့မို့အေး၊ အောင်ဇော်မင်း၊ Kညိမ်း နှင့် အခြားသရုပ်ဆောင်များစွာက ပါဝင် သရုပ်ဆောင်ထားပါတယ်။


















#MyanmarCelebrity #KyawYeAung#SuMyatNoeOo

"VJM Jewelry"ရဲ့ (၁၉) နှစ်ပြည့် ကံထူးရှင်ရွေးချယ်ပွဲ အနုပညာရှင်များတတ်ရောက်

$
0
0

"VJM Jewelry"ရဲ့ (၁၉) နှစ်ပြည့် အထိမ်းအမှတ် ကံထူးရှင်ရွေးချယ်ပွဲကို ဇန်န၀ါရီလ (၄) ရက်နေ့က ရန်ကုန် ၊ Junction City မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ၊ နေခြည်ဦး ၊ ၀ိုင်းလေး နှင့် အနုပညာရှင်များ တတ်ရောက်ခဲ့ကြပါတယ်။





















#MyanmarCelebrity #VJMJewelry #SaiSai #NayChiOo #ZwePyae #KayKayMoe #WyneLay #WuttyeeHtet

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား

$
0
0

၂၀၁၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို အခုလာမယ့် မတ်လမှာ ပြုလုပ်တော့မှာပဲဖြစ်ပါတယ် ။ ဒီနှစ် အပြိုင်အဆိုင်ပြင်းထန်မယ့် အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၅၃) ကား ပေါ်ထွက်လာပါပြီ  ။ အကယ်ဒမီ ဇာတ်ကား (၅၃)ကားထဲက မှ MyanmarCelebrity ပရိသတ်ကြီးအတွက် ပထမဦးဆုံး ဇာတ်ကား(၃)ကား ရဲ့ ဇာတ် ၀င်ခန်းတွေ ကို အမှတ်တရကြည့်ရှုနိုင်ဖို့  ရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားတွေကတော့  အမှောင်မှာရွာချတဲ့မိုးတိမ် (ကျွန်) ၊ ခေါက်ထီးလေးမလုံ့တလုံ နဲ့ ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကား တွေပဲဖြစ်ပါတယ်။

 ဇာတ်လမ်း ကနုတ်မေ ၊  ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊ ထက်မြတ်နိုင်ဇင် တို့က ရေးသားထားပြီး ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးပုံဖော်ထားသော ကျွန် ရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ မြင့်မြတ်၊ ရဲအောင်၊ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာ၊ သီရတီ၊ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


ပုဂံ မှာ ယခင်ခေတ်အဆက်ဆက် ကတည်းက ရှိခဲ့တဲ့ ဘုရားကျွန်တွေရဲ့ ဘဝအကြောင်းကို ရိုက်ကူးပုံဖော်ပြသထားပြီး ပုဂံမြေရဲ့ အလှတရားတွေကို အကယ်ဒမီ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် အကောင်းဆုံး ရိုက်ပြထားတာပဲဖြစ်ပါတယ်။


"ဘုရားကျွန်ဆိုတာ လောဘကျွန်၊ ဒေါသကျွန်၊ မောဟကျွန်၊ တဏှာကျွန် တွေထက် မြင့်မြတ်တဲ့ ကျွန် ဖြစ်ပါတယ်။ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကျွန် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာပါ"လို့ သရုပ်ဆောင် မြင့်မြတ် က MC သို့ပြောပါတယ်။






 လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ ၀တ္ထုကို မိုးနီလွင်မှဇာတ်ညွှန်း ပြန်လည်ရေးဖွဲ့ထားပြီး ဒါရိုက်တာမီးပွားမှ ရိုက်ကူးထားကာ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ရွှေမှုံရတီ၊ ခင်ဝင့်ဝါ၊ ဟန်လင်းသန့်၊ မုဏ်း၊ ထွန်းထွန်းဝင်း၊ စိုးမိုးကြည်၊ ခင်မို့မို့အေး၊ ဦးဝင်းမြိုင်၊ဒေါ်လှလှမိုး၊ စွမ်းရည်၊ ကျော်ဇင်ထွဋ်၊ ဒေါင်းဝေ၊ ဆုထက်ကုဋေ၊ လမင်းကဗျာနှင့် အခြားသရုပ်ဆောင်များစွာတို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။






 စာဖတ်ပရိသတ်တွေကြားမှာ ထင်ရှားရေပန်းစားခဲ့တဲ့ စာရေးဆရာမကြီး စမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့'ခေါက်ထီးလေး မလုံ့ တလုံ'၀တ္ထုကို  ဇာတ်ညွှန်း မိုးနီလွင် က ပြန်လည်ရေးသားထားပြီး ဒါရိုက်တာ မီးပွားကရိုက်ကူး ပုံဖော်ထားတာပါ ။ ဒီဇာတ်ကားမှာ သရုပ်ဆောင် မင်းမော်ကွန်း ၊ အေးမြတ်သူ ၊ စိုးပြည့်သဇင် နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

By MyanmarCelebrity
#MyanmrCelebrity #Academy

ရှိုးပွဲတွေပဲဆိုဖြစ်နေပါတယ် - မိစန္ဒီ

$
0
0

ပွင့်လင်းရာသီဖြစ်တာကြောင့်  ရှိုးပွဲတွေပဲ တောက်လျောက် ဖျော်ဖြေဖြစ်နေပါတယ်လို့ အဆိုတော် မိစန္ဒီ က MC သို့ပြောပါတယ်။

“ ဒီရက်ပိုင်း ပွဲရာသီဆိုတော့ သီချင်းတွေပဲဆိုဖြစ်နေပါတယ်။ မိစန္ဒီခရီးတွေ သွားဖြစ်မယ်။ ထားဝယ်  ၊ ရေး ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ဘက်တွေမှာ သီချင်းတွေ သွားဆိုဖို့ ရှိတယ်။ အဲ့တာက တစ်ပတ်ကျော်လောက် ကြာမယ် ။ လလယ်လောက်ကြရင်လည်း တောင်ကြီး သွားဖို့ရှိတယ်။ သီချင်းအသစ်တွေအနေနဲ့ အများကြီးမြင်ရဖို့ရှိပါတယ်။ မိစန္ဒီ TimeLine နဲ့ဘယ်သီချင်းကို အရင်ထွက်မလဲဆိုတာ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ ထွက်ဖို့လည်း မိစန္ဒီမှာ အများကြီးရှိပါတယ် ”  - မိစန္ဒီ







#MyanmarCelebrity #MiSanDi

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား

$
0
0


၂၀၁၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို အခုလာမယ့် မတ်လမှာ ပြုလုပ်တော့မှာပဲဖြစ်ပါတယ် ။ ဒီနှစ် အပြိုင်အဆိုင်ပြင်းထန်မယ့် အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၅၃) ကား ပေါ်ထွက်လာပါပြီ  ။ အကယ်ဒမီ ဇာတ်ကား (၅၃)ကားထဲက မှ MyanmarCelebrity ပရိသတ်ကြီးအတွက် ပထမဦးဆုံး ဇာတ်ကား(၃)ကား ရဲ့ ဇာတ် ၀င်ခန်းတွေ ကို အမှတ်တရကြည့်ရှုနိုင်ဖို့  ရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားတွေကတော့ ပက်ပက်စက်စက်ညှို့ ၊ တောကျီးကန်း နဲ့ သူငယ် ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ 


"တောကျီးကန်း -  (ခိုးဆိုးလုနှိုက် ၂)"  ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ကရိုက်ကူးထားပြီး ၊ သရုပ်ဆောင်မြင့်မြတ် ၊  ခင်လှိုင်၊ ထူးခြား ၊ မိုးဟေကို နှင့် အနုပညာရှင်များက ပါဝင်ထားတာပဲ ဖြစ်ပါတယ်။





 "သူငယ်"ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် က ရိုက်ကူး ပုံဖော်ထားတာဖြစ်ပြီး၊ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ ကျော်ထက်အောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည် နှင့် မာရီကိုးလ် တို့က အဓိကပါဝင် သရုပ်ဆောင် ထားကြပါတယ်။





ပက်ပက်စက်စက်ညို့  ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သားညီ က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် နေတိုး ၊ ရွှေထူး ၊ မိုးစက်ဝိုင် နှင့်အတူ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ 

#MyanmarCelebrity #MyanmarAcademy 

"ကိုယ့်သမိုင်းကိုယ်ရေးကြသူများ"အထူးပွဲပြသ

$
0
0

"ကိုယ့်သမိုင်းကိုယ်ရေးကြသူများ"အထူးပွဲပြသခြင်းကို ဇန်န၀ါရီလ (၅) ရက်နေ့က ရန်ကုန်  ၊  Junction City မှာပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ဒါရိုက်တာ ဂျိုး၊  ယုန်လေး ၊ ပြုံးမြသွယ် နှင့် အတူ အနုပညာရှင်များ တတ်ရောက်ခဲ့ပါတယ်။










#MyanmarCelebrity #YoneLay #PyoneMyaThwae#Director Joe

ဇော်ဝင်းထွဋ် ရဲ့ "The Rock And Roll Travellers"ဂီတဖျော်ဖြေပွဲ မိတ်ဆက်

$
0
0

 ဇန်န၀ါရီလ (၂၀)ရက်နေ့ Rose Garden Hotel မှာကျင်းပမယ့် ဆိုတော် ဇော်ဝင်းထွဋ် ရဲ့ "The Rock And Roll Travellers"ဂီတဖျော်ဖြေပွဲ  စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၅)ရက်နေ့က ရန်ကုန်မြို့၊ Rose Garden Hotel မှာပြုလုပ်ခဲ့ပါတယ်။ ။










#MyanmarCelebrity#ZawWinHtut

Dynasty Gold & Jewellery"ကြော်ငြာရိုက်နေတဲ့ ခါရာ နဲ့ ဆန်းသစ်လ

$
0
0

မော်ဒယ် သရုပ်ဆောင် ခါရာ၊ ပိုင်တံခွန်၊ ဆန်းသစ်လ နှင့် နွယ်ဒါလီထွန်း တို့က "Dynasty Gold & Jewellery"အတွက်ကြော်ငြာကို ဇန်န၀ါရီလ (၅) ရက်နေ့က ရန်ကုန်မြို့ရှိ သခင်မြပန်းခြံမှာ ရိုက်ကူးခဲ့ပါတယ်။







#MyanmarCelebrity #PaingThaKon #Khara#NweDarliTun #SunThitLa

''လရောင်ဖြာတဲ့အင်းလေးမှာ"ရုပ်ရှင်ဇာတ်ကား အနုပညာရှင်များ အမှတ်တရတွေ့ဆုံ

$
0
0

 ''လရောင်ဖြာတဲ့အင်းလေးမှာ"ရုပ်ရှင်ဇာတ်ကား မှ အနုပညာရှင်များ ပရိသတ်နှင့်တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးခြင်း ကို ဇန်န၀ါရီလ (၅) ရက်နေ့ က ရန်ကုန်၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီလက်မှတ်ရေးထိုးပွဲကို သရုပ်ဆောင် နေတိုး နှင့် ၀ါဇင် တို့ကတက်ရောက်ခဲ့ပါတယ်။



















#MyanmarCelebrity #NayToe #WarZin
Viewing all 13590 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>