↧
" Dynasty Gold & Jewellery"ကြေငြာရိုက်ကူးနေတဲ့ ပိုင်တံခွန် နဲ့ နွယ်ဒါလီထွန်း
↧
Miss Myanmar Charity Group (MMCG) အလှမယ်များ ပရဟိတပြုလုပ်
↧
↧
"Ooredoo Myanmar"ရဲ့လွတ်လပ်ရေးနေ့ဖျော်ဖြေပွဲ
↧
အကယ်ဒမီဆုရရ ၊ မရရ ၂၀၁၇ ခုနှစ်အတွက် ကျေနပ်ပါတယ် - နေတိုး
၂၀၁၇ ခုနှစ်က အရမ်းကျေနပ်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရတာကြောင့် ဆုရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ ကျေနပ်နိုင်ပါတယ် ၊ ရခဲ့ရင်တော့ အပိုဆုတစ်ခုအနေနဲ့ ၀မ်းသာမိမှာပါလို့ သရုပ်ဆောင် နေတိုး က MC သို့ပြောပါတယ်။
“၂၀၁၇ ကတော့ ကျွန်တော့်အတွက် အရမ်းကိုကျေနပ်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ပြောလို့ရတာပေါ့ ။ ဆုရခဲ့သည်ဖြစ်စေ ၊ မရခဲ့သည်ဖြစ်စေ ကျွန်တော့် အနေနဲ့ လုံးဝကို ကျေနပ်နိုင်တဲ့ နှစ်တစ်နှစ်ပါ ။ ဆုရခဲ့ရင်တော့ အပိုဆုတစ်ဆု အနေနဲ့ ကျွန်တော့်ပရိသတ်အတွက် ထပ်တူဝမ်းသာမိမှာပါ ။ ဇာတ်ကားတွေနဲ့ပက်သက်ပြီးတော့ အဲ့လောက်ထိ ရင်ခုန်မှု မရှိပါဘူး။ အားလုံးမျှော်လင့်တဲ့ ပုံစံမျိုးတော့ ဖြစ်စေချင်တာပေါ့နော် ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ အများကြီးမမျှော်လင့်သလို ပရိသတ်ကိုလည်း တိတိကျကျမမျှော်လင့်ပါနဲ့လို့ ပြောချင်ပါတယ် ” - နေတိုး
လက်ရှိ ဒါရိုက်တာစတီး နဲ့ ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားကြီးကို သက်မွန်မြင့်  ၊ ပိုင်ဖြိုးသု တို့နှင့်အတူတူ ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ “ အက်ရှင်နဲ့ ပက်သက်တဲ့ဇာတ်ကားပုံစံလေးတွေ ကတော့ ဒါရိုက်တာ ကိုစတီးနဲ့ ရိုက်မှာပေါ့ ။ ကာရိုက်တာကတော့ အက်ရှင်ဆိုတဲ့အတွက်ကြောင့် ရုပ်ရှင်ထဲမှာတွေ့ရမယ့် ဇာတ်လမ်းပုံစံမျိုးဖြစ်တဲ့ အတွက်ကြောင့် ပြောပိုင်ခွင့်တော့ မရှိသေးပါဘူုး ။ ကျွန်တော် ၂၀၁၈ ထဲမှာတော့ ကာရိုက်တာတွေ အကုန်ရွေးချယ်ပြီးသွားပါပြီ။ အဲ့ထဲမှာမှ အက်ရှင်တွေပါမယ် ။ Life ဆန်တဲ့ ဇာတ်တွေ ၊ ဟာသဇာတ်တွေ ၊ သရဲဇာတ်ကားတွေကတော့ ဇာတ်လမ်း စီစဉ်နေတုန်းပေါ့ ” လို့ သူကပြောပါတယ်။
#MyanmarCelebrity #NayToe
↧
''ညစ်တွန်း''ရုပ်ရှင်ဇာတ်ကားရိုက်နေတဲ့ လူမင်း နဲ့ အိန္ဒြာကျော်ဇင်
↧
↧
ဒီနှစ်အကယ်ဒမီဆု မမှန်းပါဘူး - လူမင်း
၂၀၁၇ ခုနှစ်မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၅၃) ကားထဲမှာ လူမင်း ရဲ့ ဇာတ်ကားတွေပါဝင်နေပေမယ့် ဒီနှစ်အတွက်တော့ အကယ်ဒမီဆု မမှန်းပါဘူးလို့ သူက MC ကိုပြောပါတယ်။
“ဒီနှစ်ကတော့ အစ်ကို မှန်းစရာကားမရှိပါဘူး ။ ကိုယ်အခုချိန်ထိ အနုပညာဖန်တီးချပြခွင့်ရနေတာ ပရိသတ်ကြီးက နေရာပေးလို့ပါ ။ သူတို့ပေးထားတဲ့ နေရာနဲ့ ထိုက်တန်အောင် အစ်ကိုကြိုးစားပါ့မယ် ” - လူမင်း
အကယ်ဒမီဆုပေးပွဲနဲ့ ပက်သက်ပြီး လိုအပ်လာရင် ကူညီဖို့အသင့်ပါပဲလို့ လူမင်းကပြောပါတယ်။ တစ်နှစ်နဲ့တစ်နှစ်မတူဘဲ ပြောင်းလဲမှုတွေကတော့ ရှိနေမှာပါ ၊ ကိုဌေး (ဦးဇင်ဝိုင်း ) က အကောင်းဆုံးလုပ်နိုင်တဲ့ ဥက္ကဌတစ်ယောက်ပါလို့ ပြောပါတယ်။
ဒီနှစ်မှာ အကယ်ဒမီဆု (၁၁) ဆုလုံး ပေးမယ်ဆိုတဲ့ Best OF The Year အကြောင်းနဲ့ ပက်သက်ပြီး “ ကိုယ့်လက်ထပ်တုန်းက (၁၁ ) ဆုလုံးပေးဖို့ ကြိုးစားပေမယ့် နာယကကြီးတွေ ၊ သက်ကြီးဝါကြီးတွေ ဖြစ်တဲ့ ဘဘ ဘိုကလေးတင့်အောင်က အစ လူကြီးတွေရဲ့ ရှေးအစဉ်အဆက် ထုံးစ ဖြတ်သန်းမှုအတွေ့အကြုံအရ ဆုံးဖြတ်တဲ့အပေါ်ကိုပဲ ကိုယ်ကလိုက်နာခဲ့ရတာလေ။ ဆိုလိုတာက Best OF The Year ဆိုရင် ဆုအမျိုးအစား (၁၁) ဆုရှိရင် မဖြစ်မနေ (၁၁) ဆုလုံးကိုပေးမယ်။ လူကြီးတွေကြ တော့လည်း ဟိုးအရင်တုန်းက ဦးဝင်းဦး တို့လို ဒေါင်ဒေါင်မြည်ဇာတ်ကားကြီးတွေ၊ တစ်နှစ်ကို (၇၀) ၊ (၈၀) အပြိုင်အဆိုင်မှာတောင်မှ တစ်နှစ်လုံး မှာ (၃) ဆုပဲ ပေးခဲ့တာမျိုးတွေလည်း ရှိတယ်ပေါ့။ အဲ့တော့ အကယ်ဒမီက ပိုရှားပါးတော့ ပိုတန်ဖိုးရှိတယ်။ မဖြစ်မနေပေးတာကို မလုပ်ဘူးဆိုတဲ့ အများဆုံးဖြတ်ချက်ကို နာခံပြီးလုပ်ပေးခဲ့တာ ” လို့သူကပြောပါတယ်။
လူမင်း ရဲ့ ၂၀၁၇ခုနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေကတော့ မယားကြောက်ရွာ ၊ အောင်စေ ပိုင်စေ ၊ ဖေ့စ်ဘုတ်ဘုရင်မ နဲ့ ငေါ့ချမ်းခသစ္စာ ဇာတ်ကားပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ၂၀၁၆ ခုနှစ်က "ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။
#MyanmarCelebrity #LuMin #Academy
↧
"Huawei"Nova 2i ရဲ့ Theme Song "I Got You"သီချင်း MTV ရိုက်နေတဲ့ Mary
"Huawei"Nova 2i ရဲ့ Theme Song ဖြစ်တဲ့ "I Got You"သီချင်း MTV ကို အဆိုတော် Mary က ဇန်န၀ါရီ (၆) ရက်နေ့ က ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီသီချင်းမှာ အဆိုတော်တွေဖြစ်တဲ့ ဟန်ထူးလွင် ၊ ချမ်းအေးဝင်း ၊ ရန်ရန်ချမ်း တို့အတူ ဖန်တီးသီဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။
“ Mary ၊ ကိုရန်ချမ်း ၊ ကိုကျားပေါက် ၊ ကိုချမ်းအေးဝင်း ရယ် Nova 2i ရဲ့ Theme Song ဖြစ်တဲ့ “IGotYou” သီချင်း MTV ရိုက်တာပါ ။ Mary ကတော့ ဇန်န၀ါရီ (၈) ရက်နေ့ ပြန်မှာဆိုတော့ တစ်ယောက်တည်း စောပြီးရိုက်လိုက်တာပေါ့ ။ အဓိကကတော့ Creating ရှိတဲ့ လူငယ်တွေ ၊ Talent ရှိတဲ့ လူငယ်တွေ အပြင်လောကထဲကို မထွက်ပဲ တစ်ခုခုလုပ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် အပြင်လောကကို ထွက်လာတဲ့အချိန်မှာတော့ကိုယ့်လိုပဲ Talent ရှိတဲ့ သူတွေနဲ့တွေ့တော့ အတူတူပေါင်းစပ်လိုက်တဲ့ အချိန်ကြတော့ SomethingBig ဖြစ်သွားတဲ့ အကြောင်းလေးကို ရိုက်ထားတာပါ ။ အခုရိုက်တာကတော့ သိပ်မခက်ခဲပါဘူး ။ ခါတိုင်းနေတဲ့ ပုံစံပဲ ပေါ့ပေါ့ပါးပါးလေးပါ ။ သာမာန်ဆိုရင်တော့ သ၇ုပ်ဆောင်ရတာ ခက်ခဲပါတယ်။ MTV ကိုတော့ Huawei Pageကလည်းတင်မယ်။ Mary Page ကလည်း တင်မှာပေါ့ ။ တစ်နှစ် Huawei Nova 2i အတွက် စာချုပ်ချုပ်ထားတာပါ ” လို့ Mary က MC ကိုပြောပါတယ်။

#MyanmarCelebrity #Mary
↧
သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ
"သုံးရောင်ခြယ်"ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်း ကို ဇန်န၀ါရီလ (၇) ရက်နေ့က ရန်ကုန် ၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ စတီး(လ်)(ဒွေးမေတ္တာ) ကရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင် ခန့်စည်သူ၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ အိချောပို၊ ရွှေသမီး နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

"ဒီဇာတ်အိမ်တည်ဖြစ်တာကတော့ ကျွန်တော် မြ၀တီဘက်ကို ခရီးထွက်တယ်။ ခရီးထွက်ပြီးတော့ Location ကြည့်လိုက်တဲ့အချိန်မှာ ဟိုဘက်ကမ်းမှာ BeautySloon လို အကြောင်းအရာလေးတစ်ခုရှိတယ်ပေါ့။ ကျွန်တော်တို့နဲ့ ပါသွားတဲ့ကောင်လေးတွေက ဟိုဘက်ကမ်းကို သွားကြတာပေါ့ ။ နောက်တော့ ကောင်မလေးတစ်ယောက် နဲ့သိတယ်။ အဲ့ကောင်မလေးကလည်း ရုပ်ရှင်သမားတွေလာတော့ လာမိတ်ဆက်တာပေါ့လေ ။ သူတို့လာရင်း နဲ့ သူရဲ့ Life လေးတစ်ခု ကိုပြောပြတာပေါ့ ။ သူတို့ရောင်းစားခံရရင်းနဲ့ ဒီကိုရောက်တော့ ဘ၀ဆုံးသွားတဲ့အတွက်ကြောင့် ရွာလည်းမပြန်ရဲဘဲ အိမ်ကသူတွေကို လိမ်ပြီးတော့ ပိုက်ဆံတွေ ပို့နေရတယ်ပေါ့ ။ အဲ့အကြောင်းအရာလေးကို သိလိုက်တဲ့အချိန်မှာ ဇာတ်လမ်းလေးတစ်ခုကို ဖန်တီးကြမယ်ဆိုပြီးတော့ ကျွန်တော်ရယ် ၊ ဇာတ်ညွှန်းရေးဆရာ ကိုမြတ်ဆွေ နဲ့တိုင်ပင်ပြီး ဖန်တီးဖြစ်သွားတာပါ"လို့ ဒါရိုက်တာ စတီး (ဒွေးမေတ္တာ) က MC သို့ပြောပါတယ်။
#MyanmarCelebrity #SaTee#MinMawKon#NayMyoAung
↧
သရုပ်ဆောင် သက်မွန်မြင့် နှင့် ကိုစစ်နိုင် တို့ရဲ့"Zayat Launch"မိတ်ဆက်ပွဲ
သရုပ်ဆောင် သက်မွန်မြင့် နှင့် ကိုစစ်နိုင် တို့ရဲ့ ZwareGroup ကုမ္မဏီ မှ အသစ်ထပ်မံဖွင့်လှစ်တဲ့ Concept တစ်ခုဖြစ်တဲ့ "Zayat Launch"မိတ်ဆက်ပွဲ အခမ်းအနားကို ဇန်န၀ါရီ (၆) ရက်နေ့က ရန်ကုန် ၊ တောင်ဥက္ကလာပ မှာ ပြုလုပ်ခဲ့ပါတယ် ။
“ ZwareGroup ရဲ့ နောက်ထပ် Concept လေးတစ်ခုဖြစ်တဲ့ Zayat ဆိုပြီး CoWorkingSpace ကို Introduce လုပ်တာပါ ။ CoWorkingSpace ဆိုတာက ကိုယ့်ဘာကိုယ် FreeLance လုပ်တဲ့သူတွေ ၊ Professional လုပ်တဲ့သူတွေ ၊ Company တွေဖွင့်ပြီးတော့ ကိုယ်ပိုင်စီးပွားရေးအခုမှ စပြီးတည်ထောင်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ၊ လူလတ်ပိုင်းတွေအတွက် နေရာလေးတစ်ခုဖန်တီးတာပေါ့ ။ ကိုယ့်ဘာသာကိုယ် အိမ်မှာ Company ဖွင့်ရင် စရိတ်လည်းအရမ်းများတယ်။ ဒီမှာကတော့ ပုံမှန်ကျမယ့် စရိတ်ထပ်ပိုသက်သာမယ်။ ဒါမှမဟုတ်လဲ အတူတူလောက်ဖြစ်မယ်။ ဒါပေမယ့် ဒီမှာကကြတော့ အများနဲ့အတူတူလုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် အလုပ်ကိုင်တွေပိုများလာသလို ၊ ကိုယ်နဲ့အလုပ်တူတူလုပ်မယ့် Professional တွေနဲ့ လက်တွဲလုပ်ပြီး မိတ်ဆွေတွေ တိုးလာအောင် လုပ်လို့ရတဲ့နေရာလေးပေါ့ ။ နိုင်ငံတကာမှာတော့ ခေတ်စားနေတာကြာပြီ ။ မြန်မာနိုင်ငံမှာကတော့ သိပ်ပြီးမတွက်ကျယ်သေးဘူးပေါ့။ အဲ့တာကြောင့် မိတ်ဆက်တဲ့ သဘောပါ ” လို့ ကိုစစ်နိုင်က MC သို့ပြောပါတယ်။

#MyanmarCelebrity #KoSitNaing #ThetMonMyint
↧
↧
"The Beauty Bar"ဆိုင်ဖွင့်တတ်ရောက်လာတဲ့ ပိုင်တံခွန် နဲ့ မေ
"The Beauty Bar" Hair & Beauty Grand Opening ဆိုင်ဖွင့်ပွဲ အခမ်းအနား ကို ဇန်န၀ါရီလ (၇) ရက်နေ့ က ရန်ကုန် ၊ သာကေတရှိ မြင်သော်တာလမ်း မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဖွင့်ပွဲ အခမ်းအနားကိုတော့ အဆိုတော် မိုးမိုး၊ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်၊ မေ နှင့် ထိုက်ထိုက် တို့က တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
↧
မြန်မာနိုင်ငံမှာပဲ နေထိုင်သွားပါမယ် - Mary
ငယ်ငယ်လေးကတည်းက ဂျပန် မှာနေရပေမယ့် မြန်မာနိုင်ငံမှာလဲ အဆင်ပြေပါတယ် ၊ နောက်ပိုင်း အနုပညာလုပ်ငန်းတွေ လုပ်မှာဖြစ်လို့ မြန်မာနိုင်ငံမှာပဲ နေဖြစ်သွားမှာပါ လို့ အဆိုတော် Mary က MC ကိုပြောပါတယ် ။
"နောက်ပိုင်းတော့ မြန်မာနိုင်ငံမှာပဲ နေဖြစ်တော့မှာပေါ့ ။မယ်ရီက ငယ်ငယ်လေးကတည်းက ဂျပန်မှာပဲ ကြီးတော့ လူတွေကတော့ ဒီမှာနေတာ ခက်ခဲတယ်လို့ထင်မှာပဲလေ ။ တစ်ခါတစ်လေကြရင် ညဘက်ကြရင် အိမ်မှာပဲဖြစ်ဖြစ် ၊ ရိုက်ကူးရေးမှာပဲဖြစ်ဖြစ် ခြင်ကိုက်တာတစ်ခုကတော့ မယ်ရီအတွက်ဆိုးတယ်။ ခြင်ကိုက်တာက လွဲရင် အဆင်ပြေပါတယ် ။ ရာသီဥတုကတော့ မယ်ရီက ပူတာကိုကြိုက်တယ်။ နဂိုကတည်းက Beach တွေ ဘာတွေ သွားရတာကိုလည်း ကြိုက်တယ်။ အဲ့တာတော့ အဆင်ပြေတယ်။ မီးပြတ်တာလည်း နောက်ပိုင်းမရှိတော့ဘူး ။ ခြင်ကိုက်တာလေးတစ်ခုပဲရှိတာ။ မယ်ရီကိုယ်တိုင်လည်း ပရိသတ် နဲ့ ဝေးတယ်လို့ ခံစားရတဲ့ အတွက်ကြောာင့် အနေမဝေးအောင် မယ်ရီလုပ်သွားချင်တယ်။ ကိုယ်တိုင်ကလည်း အဆက်မပြတ်လုပ်ဖို့ က အများကြီး ကြိုးစားဖို့လည်းလိုတယ်။ မပျောက်သွားအောင် ကြိုးစားပါမယ်။ မယ်ရီ အဆိုတော်လောကမှာ ဘယ်သူတွေနဲ့ ယှဉ်ရင် Topဖြစ်ရမယ်ဆိုတာတော့ မရှိဘူး။ မယ်ရီလုပ်နေတဲ့ အနုပညာက ပရိသတ်နဲ့ အပေးအယူလေးရှိရင် ကျေနပ်ပါပြီ " - Mary
By MyanmarCelebrity
#MyanmarCelebrity #Mary
↧
သုံးရောင်ခြယ်ရုပ်ရှင် ရဲ့ အဓိပ္ပါယ်ကိုပြောပြခဲ့တဲ့ ဒါရိုက်တာ စတီး
ဘ၀ပေးအခြေအနေကြောင့် ပြည့်တန်ဆာဘ၀ရောက်ခဲ့ရတဲ့ မိန်းကလေးတွေအကြောင်း ရိုက်ထားတဲ့ "သုံးရောင်ခြယ်"ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ အဓိပ္ပါယ် ကို ဒါရိုက်တာ စတီး(ဒွေးမေတ္တာ) က MC သို့ပြောပါတယ်။
"သုံးရောင်ခြယ် ဆိုတာကတော့ ဒီကောင်မလေးတွေ ရဲ့ ဘ၀က တစ်မနက်လုံး အိပ်ကြတယ်။ ညဘက်မှာတော့ ရေချိုးပြီးသွားရင် သူတို့မှာ ပိုင်ဆိုင်တဲ့ အရောင်သုံးရောင် ရှိတယ်ပေါ့။ နံပါတ်(၁) က ညဘက်မီးရောက်အောက်မှာနေရင် သူတို့ရဲ့ မျက်လုံးအလှတွေပေါ်ဖို့အတွက် ကာခြယ်ဆိုတဲ့ အနက်ရောင်ကိုတင်ရတယ် ။ မိတ်ကပ်ပြင်ပြီးရင်တော့ ပါးနီ တင်ရတယ်။ နှုတ်ခမ်းနီကို အနီရဲရဲပဲဆိုးခွင့်ရှိတယ် ။ ကျန်တဲ့ အရောင်တင်လို့မရဘူးလို့ပြောပါတယ်။ အဲ့တာကြောင့် သူတို့ဘ၀ရဲ့ တင်စားပြီးတော့ သုံးရောင်ခြယ် လို့ပေးလိုက်တာပါ။ နစ်နာတဲ့ဘ၀ကို အရောင်သုံးရောင်နဲ့ ဖော်ကျူးလိုက်တာပါ " - ဒါရိုက်တာ စတီး
ဒီဇာတ်ကား မှာ မင်းမော်ကွန်း ရဲ့ ကာရိုက်တာနဲ့ ပက်သက်ပြီး "ကိုကျော့်ကိုလည်း ကျွန်တော်ဆိုရင် သရုပ်ဆောင် စလုပ်ကတည်းကြိုက်ခဲ့တဲ့ မင်းသားတစ်လက်ဖြစ်တယ် ။ ကိုကျော့် ကို ကျွန်တော်ကလည်း အကူညီတောင်းတယ်။ ကျွန်တော် ဒီင်္ဇာတ်ကားလေးကို ရိုက်ချင်တယ်။ ဒါပေမယ့် ကျွန်တော် ကိုကျော့် ကို ကာရိုက်တာ အသစ်တစ်ခုထားပြီးတော့ ရိုက်ချင်တယ် ။ ကျွန်တော့်ကို ဇာတ်ပြောပြဆိုတော့ ကျွန်တော်ပြောပြတယ်။ ကိုကျော်ကလည်း သူလုပ်ဘူးချင်တဲ့ ဇာတ်ဖြစ်တဲ့အတွက်ကြောင့် ရဲရဲတင်းတင်း လုပ်မယ်။ သူကိုယ်တိုင်ကလည်း တောင်းဆိုတာပါ။ ကျွန်တော့်ကို အဖြည်လုံးဝ မလုပ်ပါနဲ့ ။ ဗီလိန် ဆိုလည်း အပြီးချမယ်ဆိုတာနဲ့ ကျွန်တော်လုပ်ဖြစ်တာပါ ။ ကျွန်တော်တို့ ပေးချင်တဲ့ အကြောင်းလေးကတော့ သုံးရောင်ခြယ် ခံရမယ့် မိန်းကလေးတွေကို တားဆီးကြပါဆိုတဲ့ ဆောင်ပုဒ်လေးပါ "လို့ သူကပြောပါတယ်။
By MyanmarCelebrity
#MyanmarCelebrity #SaTee
↧
"ရူးမတတ်"ဗီဒီယိုဇာတ်ကား ရိုက်နေတဲ့ သရုပ်တောင် နေဒွေး
"ရူးမတတ်"ဗီဒီယိုဇာတ်ကား ကို ဇန်န၀ါရီလ (၇) ရက်နေ့ က ရန်ကုန် ၊သင်္ဃန်းကျွန်း ရှုတင်အိမ် မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ဂျိုး က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် နေဒွေး၊ ထက်ရှိုင်း ၊ ဟန်နီ နှင့် အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။
“ ဒီနေ့ရိုက်တဲ့ ဇာတ်ကားလေးက LuckySmile ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက်ဇာတ်ကားလေးပါ ။ ကားနာမည်ကတော့ "ရူးမတတ် "ပါ။ နေဒွေး ၊ ထက်ရှိုင်း ၊ ဟန်နီ တို့က အဓိက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ရိုမန့် ၊ အက်ရှင် ဇာတ်ကားတစ်ကားပါ ။ ကိုယ်အရမ်းချစ်တဲ့ကောင်မလေးမှာ ချစ်သူရှိနေတယ်ပေါ့ ။ အဲ့တာကို ဂရုမစိုက်ပဲနဲ့ ချစ်တာကို အက်ရှင်ပုံစံလေး ရိုက်ထားတာပေါ့ ” လို့ ဒါရိုက်တာ ဂျိုး က MC ကိုပြောပါတယ်။
#MyanmarCelebrity #DirectorJoe #NayDwae #HanNi #HtetShine
↧
↧
ယွန်းဝတီလွင်မိုး နှင့် ထက်ဦးလှိုင် တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေး အလှူ
သရုပ်ဆောင် လွင်မိုး ၏ သမီး ယွန်းဝတီလွင်မိုး နှင့် ထက်ဦးလှိုင် တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူကို ဇန်န၀ါရီလ (၈) ရက်နေ့က ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ နှစ်ဘက်မိဘ မိတ်ဆွေသင်္ဂဟများ နှင့် အနုပညာရှင်မောင်နှမများက တက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။
The wedding donation of Yoon Wati Lwin Moe & Htet Oo Hlaing was held on January 8, 2018 at the Maha GanNaYoune Buddhist Monastery in Yangon. #YoonWatiLwinMoe #LwinMoe
↧
AMC ဇာဆိုင် ကြော်ငြာရိုက်ကွင်းမှ သရုပ်ဆောင် သက်မွန်မြင့်
သရုပ်ဆောင် သက်မွန်မြင့် က AMC ဇာဆိုင် အတွက် ဇန်န၀ါရီလ (၈) ရက်နေ့က ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်ရှိ Peter the Bridal Garden Studio မှာ ကြော်ငြာဓာတ်ပုံ ရိုက်ကူးပေးခဲ့ပါတယ်။
Myanmar well-known actress, Thet Mon Myint posed for AMC Fashion Shop commercial photos at the Peter's Studio in Yangon on January 8, 2018. #ThetMonMyint #MyanmarActress
↧
City FM (၁၆) နှစ်ပြည့် ဂီတဖျော်ဖြေပွဲ စာနယ်ဇင်းမိတ်ဆက်
City FM (၁၆) နှစ်ပြည့် ဂီတဖျော်ဖြေပွဲ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၈) ရက်နေ့က ရန်ကုန်မြို့ရှိ Olympics Hotel မှာပြုလုပ်ခဲ့ပါတယ် ။ ဒီအခမ်းအနားကို တေးရေး မင်းချစ်သူ နှင့် အဆိုတော် နေမင်းအိမ် တို့ က တတ်ရောက်ခဲ့ပါတယ် ။
" City FM ရဲ့ (၁၆) နှစ်ပြည့် နှစ်ပါတ်လည်ပွဲကို ကျွန်တော်တို့ ဇန်န၀ါရီလ (၁၄) ရက်နေ့မှာ 5Plus ရုပ်သံလိုင်းမှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ ကျွန်တော့်ရဲ့ စီနီယာ အစ်ကို ၊ အစ်မတွေနဲ့ တူတူဖျော်ဖြေမယ်။ ဒါကလည်း ကျွန်တော့်ရဲ့ ပထမဦးဆုံးဖျော်ဖြေတာ ပဲဖြစ်ပါတယ်။ ကိုယ်ငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ အဆိုတော်တွေနဲ့ တွဲပြီးတော့ တူတူဖျော်ဖြေရမှာဖြစ်တယ်။ အရမ်းလည်း ရင်ခုန်မိပါတယ် " - နေမင်းအိမ်
#MyanmarCelebrity #CityFM #MinChitThu #NayMinEain
↧
"ကျွန်တော်ပြောချင်သော... အချစ်အကြောင်း..."ဗီဒီယိုဇာတ်ကား ရိုက်ကွင်း
"ကျွန်တော်ပြောချင်သော... အချစ်အကြောင်း..."ဗီဒီယိုဇာတ်ကား ကို ဇန်န၀ါရီလ (၈) ရက်နေ့ က ရန်ကုန် ၊ သာကေတရှုတင်အိမ် မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ နေသူရိန် က ရိုက်ကူးနေပြီး သရုပ်ဆောင် ရဲအောင်၊ သန်းသန်းစိုး၊ သိဂီင်္ထွန်း၊ ခင်ဝင့်ဝါ၊ စွမ်းရည်၊ ထက်မြက် နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင် ထားပါတယ်။
"ပျက်စီးနေတဲ့ မိဘတွေလောကကြီးမှာရှိကြတယ်။ အပျော်အပါးတွေမက်တော့ သားသမီးကို ဂရုမစိုက်နိုင်တော့ ပျက်စီးသွားတာပေါ့ ။ အဲ့လိုဇာတ်ပါ ။ ဖဲတွေရိုက်တယ် ။ အဲ့ထဲကမှ ကောင်လေးက အစ်မဆီက ချုစားတာပေါ့ ။ သူ့ကို နောက်ဆုံးအစ်မက ယူလိုက်တော့ ဒုက္မတွေရောက်တာပေါ့ " - သိဂီထွန်း
#MyanmarCelebrity #KhinWintWar #TheingiTun #YeAung
↧
↧
"ရွှေနန်းတော်"ကံစမ်းမဲဖွင့်ပွဲ အခမ်းအနား တတ်ရောက်ခဲ့တဲ့ ဟိန်းဝေယံ နဲ့ အိချောပို
"ရွှေနန်းတော်"စိန်ရွှေ ရတနာဆိုင် ကံစမ်းမဲဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၇) ရက်နေ့က ရန်ကုန်၊ Junction City မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဖွင့်ပွဲအခမ်းအနားကို သရုပ်ဆောင် ဟိန်းဝေယံ၊ အိချောပို၊ အေးသောင်း ၊ အိမ့်ချစ် တို့ကတက်ရောက်ခဲ့ကြပါတယ်။
#MyanmarCelebrity #ShweNanTaw #HeinWaiYan #EiChawPo#AyeThaung#EintChit
↧
"MFF Charity Cup 2018"ရာသီသစ်အဖွင့် ဘောလုံးပွဲ အနုပညာရှင်များဖျော်ဖြေ
↧
Project Kအဖွဲ့ နဲ့ပဲ အနုပညာလုပ်ဖြစ်မှာပါ - ထက်ဘုန်းနိုင်
အနုပညာအလုပ်တွေ ကို တစ်ယောက်တည်းလုပ်ဖို့ အစီအစဉ်မရှိပါဘူး ၊ Project K Dancer အဖွဲ့ နဲ့ ပဲ တောက်လျောက် လုပ်ဖြစ်သွားမှာပါ လို့ အဖွဲ့ဝင် ထက်ဘုန်းနိုင် က MC သို့ပြောပါတယ်။
“ တစ်ယောက်တည်းရယ်လို့တော့ လုပ်ဖြစ်ဖို့မရှိဘူး ။ ဒီအဖွဲ့ Project K နဲ့ပဲ အများကြီးလုပ်ဖို့ရှိတယ်။ ဒီအဖွဲ့နဲ့ပဲ တောက်လျောက် လုပ်ဖြစ်သွားမှာပါ ။ အသက်တွေဘာတွေ ကြီးသွားရင်တောင်မှ ဘ၀ကို အေးအေးဆေးဆေးလေးပဲ ဖြတ်သန်းချင်ပါတယ် ” - ထက်ဘုန်းနိုင်
By MyanmarCelebrity
#MyanmarCelebrity #HtetPhoneNaing
↧