Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all 13590 articles
Browse latest View live

ဟန်ထွန်း၊ ဂျီလတ်၊ သအို၊ ဝေလ တို့သီဆိုထားတဲ့"မူလလေးဖြာ"တေးစီးရီး မိတ်ဆက်ပွဲ

$
0
0

ဟန်ထွန်း၊ ဂျီလတ်၊ သအို၊ ဝေလ တို့ပါဝင် သီဆိုထားတဲ့ "မူလလေးဖြာ"တေးစီးရီး မိတ်ဆက်ပွဲ အခမ်းအနား ကို ဒီဇင်ဘာလ(၃၀) ရက်ေန့ က ရန်ကုန်၊ Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခွေကို ဇန်န၀ါရီလ(၁)ရက်နေ့ မှ စတင် ဖြန့်ချိမယ်လို့ သိရပါတယ်။











#MyanmarCelebrity #HanHtun #GLatt #ThaO #WaiLa

" Huawei Year End Festival"အနုပညာရှင်များဖျော်ဖြေ

$
0
0

Huawei မှ Huawei Fans များနှင့် အနုပညာရှင်များကို တွေ့ဆုံစေခဲ့သည့် Huawei Year End Festival ဖျော်ဖြေပွဲကို ဒီဇင်ဘာလ(၃၀) ရက်နေ့ က ရန်ကုန်  ၊ သုဝဏ္ဏပန်းခြံတွင် ကျင်းပခဲ့ပါတယ်။ ဟန်ထူးလွင်(ကျားပေါက်) ၊ ရန်ရန်ချမ်း၊ မင်းသွေး နှင့် မယ်ရီ တို့ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။ 



















ဖေကြီး(ဒိန်းဒေါင်) က သ၀န်တိုလို့ဇာတ်ကားတွေ ပေးမရိုက်တာထင်တယ် - ဒိန်းပိုပိုဒေါင်

$
0
0

ရုပ်ရှင်ဇာတ်ကား ကမ်းလှမ်းမှုတွေရှိပေမယ့် ဖေကြီး (ဒိန်းဒေါင် ) က ရိုက်ကူးခွင့်မပေးဘူး ၊ သ၀န်တိုလို့ ထင်တာပါပဲ လို့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင် က MC သို့ပြောပါတယ်။ 
  
                                   

“ ညီမ အနုပညာလုပ်ဖို့ကတော့ ဖေကြီးပေါ်မှာပဲ မူတည်ပါတယ် ။ သ၀န်တိုလို့လား ဘာလို့လားတော့ မသိဘူး။ သိပ်ပြီးတော့ မလုပ်ခိုင်းဘူး။ ဖေကြီးကိုယ်တိုင်လည်း ထုတ်ပြီးတော့ မရိုက်ပေးဘူး ။ သူများတွေ ကမ်းလှမ်းလာရင်လည်း ဖေကြီးက ငြင်းပစ်တာများတယ်။ ဘာလို့လည်းတော့ မသိဘူး။ သူ့သမီးလေးဆိုတော့လည်း သ၀န်တိုလို့ ဖြစ်မှာပေါ့ ။ ဒါပေမယ့် ဖေကြီးကတော့ စီးရီးတော့ထုတ်ပေးမှာပါ ။ အခု ဖေကြီးက ကားရိုက်တွေလည်း များနေတယ်ဆိုတော့ ဖေကြီးကိုလည်း နားလည်ပေးပါတယ် ။ ဖေကြီး အားလပ်ရင်တော့ သမီးအတွက် လုပ်ပေးမှာပါ ။ အနုပညာအလုပ်ကို မလုပ်သေးဘူးတော့ မဟုတ်ပါဘူး ။ အချိန်ကောင်းကို စောင့်နေတာပါ ။ ဖေကြီးအနေနဲ့လည်း သမီးလေးက လုပ်သင့်ပြီလား စောင့်ကြည့်ပြီး ချင့်ချိန်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်  ” -  ဒိန်းပိုပိုဒေါင်



အနုပညာအလုပ်တွေ မလုပ်ဖြစ်ပေမယ့် ဒိန်းဒေါင် ရဲ့ သမီးဖြစ်လို့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။ ဖေကြီး (ဒိန်းဒေါင် ) ရဲ့ သမီးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူ ၊ ၀မ်းသာတယ်လို့ ပြောပါတယ်။



 “အနုပညာလောကထဲမှာဆိုရင်တော့ ဖေကြီးက လူချစ်၊ လူခင် အရမ်းပေါတယ်။ ထပ်ဆင့်အကယ်ဒမီ ရထားတဲ့ ၀ါရင့်အနုပညာရှင်ကြီးတွေကတောင် အရမ်းချစ်ခြင်းခံရတဲ့ မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြားသနားပါစေ ဆိုတဲ့ ဆုနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ပါပဲ ။ သူ့ကိုမြင်လိုက်ရင် ဟာသမပြောပဲနဲ့ကို  လူတိုင်းက ရယ်ချင်နေကြတာ။ အဲ့တာကတော့ ဖေကြီးရဲ့ ပါရမီတစ်ခုပေါ့နော်။ ဖေကြီးရဲ့သမီးဖြစ်ရတာ ဂုဏ်ယူတယ်၊၀မ်းသာတယ်။ ဖေကြီးရဲ့ သမီးလေးတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် ဖေကြီးကိုချစ်တဲ့ ပရိသတ်တွေကလည်း သမီးကို အဖေရဲ့ သမီးလေးပါလားဆိုပြီးတော့ ချစ်တယ်   ” လို့ သူမကပြောပါတယ် ။
By MyanmarCelebrity


#MyanmarCelebrity #DainPoPoDaung

မင်းသမီးမလုပ်ပါဘူး - Mary

$
0
0

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်းတာတွေ ရှိပေမယ့် ဂီတပိုင်းကိုပဲ လုပ်ဖြစ်မှာပါ ၊ မင်းသမီး မလုပ်ပါဘူးလို့ အဆိုတော် Mary က MC သို့ပြောပါတယ် ။



“ အခုလောလောဆယ်တော့ ရုပ်ရှင်ရိုက်ဖို့ မရှိသေးပါဘူး။ နောက်ပိုင်းလည်း မရှိဖို့များပါတယ် ။ ရုပ်ရှင်ပိုင်းကတော့ မယ်ရီ အားလည်း မသာသလို ၊ မယ်ရီ မလုပ်တတ်ဘူး ။ ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းတာတွေတော့ ရှိပါတယ်။ အဲ့တုန်းကလည်း မယ်ရီ လည်း မစဉ်းစားထားသေးတော့ ငြင်းခဲ့တာပါ။ မယ်ရီကတော့ အဆိုတော်ပဲ ဖြစ်ချင်တာပါ  ” - Marry



 သီချင်းတွေစုပြီး ဂျပန် ကိုမကြာခင်တော့ ခနပြန်ဦးမှာပါလို့ပြောပါတယ်။ “ မယ်ရီ အခု ခနပြန်လာတယ် ။ ရှိုးပွဲလေးတွေ ဆိုတယ်။ သီချင်းတွေစုပြီးတော့ ခနပြန်မယ် ။ အဓိကကတော့ မယ်ရီကိုယ်တိုင်က Fan တွေနဲ့ ဝေးနေတယ်လို့ ခံစားရတယ်။ ကိုယ်တိုင်လည်း လာလိုက် ၊ ပြန်လိုက်နဲ့ ဆိုတော့လေ။ အဲ့လိုကြောင့် နောက်ပိုင်းတော့ မယ်ရီ  Fan တွေနဲ့ နီးစပ်အောင် လုပ်သွားချင်တယ် ။။ ကိုယ်တိုင်ကလည်း FaceBook လည်းသိပ်မသုံးတော့ Fan တွေနဲ့လည်း ဝေးတယ်လို့ ခံစားရတဲ့အတွက်ကြောင့် ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ် ။ မယ်ရီ ခံယူတာကတော့ ကိုယ်မရှိနေတဲ့အချိန် ဒါလေးတွေက ကိုယ်နဲ့ Fanတွေကြားထဲမှ Connection  လေးရှိမယ်လို့တော့ မယ်ရီထင်ပါတယ် ။ ဆိုတဲ့ပုံစံကတော့  ဒီတိုင်းပဲဖြစ်နေမှာပေါ့။ သီချင်းကတော့ အမျိုးမျိုး ပြောင်းသွားဖို့ရှိတာပေါ့ ။ တစ်ကိုယ်တော်ခွေကိုတော့ နောက်နှစ် (၈)လပိုင်းလောက် ထွက်ဖို့ရှိမယ်  ” လို့သူမကပြောပါတယ်။
By MyanmarCelebrity





#MyanmarCelebrity #Mary

အဆိုတော် G Fatt ရဲ့ အသက် (၂၅) နှစ်ပြည့် မွေးနေ့ ပျော်ရွှင်စွာဖြတ်သန်း

$
0
0

အဆိုတော် G Fatt ရဲ့ (၂၅) နှစ်ပြည့်မွေးနေ့ပွဲ ကို ဒီဇင်ဘာလ (၃၁) ရက်နေ့ က ရန်ကုန် ၊ သာကေတရှိ Water Boom မှာပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ မွေးနေ့ပွဲကို အဖေ ၊ အမေ ၊ အနုပညာမောင်နှမများ နှင့် ပရိသတ်များဖြင့် တစ်ရင်းတစ်နှီး တွေ့ဆုံခဲ့ပြီး  မွေးနေ့ကိတ်ခွဲခဲ့ပါတယ် ။



 "ဒီနေ့ အရမ်းပျော်ပါတယ်။ အဝေးကြီးကနေ လာတဲ့ပရိသတ်တွေရော၊ သူငယ်ချင်းမိတ်ဆွေတွေ  ၊ M150 က သူတွေကိုလည်း ကျေးဇူးတင်တယ်။ တစ်နှစ်ထက် တစ်နှစ်ကတော့ ကိုယ့်ကိုကိုယ် ပိုပြီး ပြုပြင်လာတယ် ။ သင်ခန်းစာတွေလည်း ရလာတယ်  " -  Gfatt
 By MyanmarCelebrity


















 #MyanmarCelebrity#GFatt

"Oramin-G New Year Eve"အနုပညာရှင်များဖော်ျဖြေ

$
0
0

"Oramin-G New Year Eve"ဖျော်ဖြေပွဲကို ဒီဇင်ဘာလ (၃၀) ရက်နေ့ က ရန်ကုန်၊  မြို့တော်ခန်းမရှေ့  မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ အဆိုတော် လွှမ်းပိုင်၊ သားငယ်၊ နီနီခင်ဇော်၊ စန္ဒီမြင့်လွင် နှင့် ဂျူဝယ် တို့ကတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။
























#MyanmarCelebrity #HlwanPaing #TharNge #NiNiKhinZaw#SandiMyintLwin #Jewel

"ကျိန်စာသင့်သောသူများ နှင့် ချစ်သောမောင် "ဗီဒီယိုဇာတ်ကား

$
0
0

"ကျိန်စာသင့်သောသူများ နှင့် ချစ်သောမောင် "ဗီဒီယိုဇာတ်ကား ကို ဒီကနေ့ ၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ က ရန်ကုန် ၊ သန်လျှင် မှာ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ဇော်ထွန်း က ရိုက်ကူးထားပြီး သရုပ်ဆောင် အောင်မြင် ၊ ကျော်ဇောဟိန်း ၊ အောင်ပိုင် ၊ မင်းသူ ၊ မိုးပြည့်ပြည့်မောင် နှင့် အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။





















#MyanmarCelebrity #AumgMyin #KyawZawHein #AungPaing #MinThu#MoePyaePyaeMaung

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား

$
0
0

၂၀၁၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို အခုလာမယ့် မတ်လမှာ ပြုလုပ်တော့မှာပဲဖြစ်ပါတယ် ။ ဒီနှစ် အပြိုင်အဆိုင်ပြင်းထန်မယ့် အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၅၃) ကား ပေါ်ထွက်လာပါပြီ  ။ အကယ်ဒမီ ဇာတ်ကား (၅၃)ကားထဲက မှ MyanmarCelebrity ပရိသတ်ကြီးအတွက် ပထမဦးဆုံး ဇာတ်ကား(၃)ကား ရဲ့ ဇာတ် ၀င်ခန်းတွေ ကို အမှတ်တရကြည့်ရှုနိုင်ဖို့  ရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားတွေကတော့ တီတီနှင့်ဒိုးနတ် ၊ ချန်ပီယံလေး နဲ့ ထာဝရအမေ ဇာတ်ကားတွေပဲဖြစ်ပါတယ်။





မြန်မာ-ထိုင်း အနုပညာရှင်များ ပူးပေါင်း ဖန်တီးထားတဲ့ "TT & DONUT" (တီတီ နှင့် ဒိုးနတ်) ရုပ်ရှင်ဇာတ်ကားကို ထိုင်း ဒါရိုက်တာ Adsajun Sattagovit က ရိုက်ကူးပြီး ပြေတီဦး၊ ရွှေသမီး တို့နှင့်အတူ ထိုင်းအလှမယ် Care Chattrika Sittiprom တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက အချစ်ဟာသ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။






ဒါရိုက်တာ စင်ယော်မောင်မောင် ၊ သရုပ်ဆောင် မေသန်းနု နှင့် သားဖြစ်သူ မင်းသန့်မောင်မောင် တို့ (၁၂)နှစ်အကြာမှ အတူတူပြန်လည် ရိုက်ကူးတင်ဆက်တဲ့ "ထာဝရအမေ ဇာတ်ကား"ဇာတ်ကားမှာ သရုပ်ဆောင် နေတိုး၊ မေသန်းနု၊ ၀တ်မှုန်ရွှေရည်၊ ထွန်းကိုကို နှင့် အနုပညာရှင်များက ပါဝင် သရုပ်ဆောင်ထားပါတယ် ။ "ထာဝရ အမေ"ရုပ်ရှင်ဇာတ်ကား က ဆရာကြီး ဒေါက်တာ ဦးခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန် ဘ၀အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ် ။
By MyanmarCelebrity

"Momo Play New Year Countdown 2018"ပွဲ အနုပညာရှင်များဖျော်ဖြေ

$
0
0

"Momo Play New Year Countdown 2018"ပွဲကို ဒီဇင်ဘာလ (၃၁) ရက်နေ့ က ရန်ကုန် ၊ Myanmar plaza မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ အဆိုတော် ဝေလ၊ ဇေယျ၊ နီနီခင်ဇော်၊ မိစန္ဒီ တို့ကပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။ 















#MyanmarPlaza #WaiLa #ZayYa #NiNiKhinZaw #MiSandi

2018 New Year Countdown IC Show ဖျော်ဖြေပွဲ

$
0
0

2018 New Year Countdown IC Show ကိုဒီဇင်ဘာလ (၃၁) ရက်နေ့ကရန်ကုန် ၊ မိုင်ဒါကွင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။  ဒီပွဲမှာ လေးဖြူ ၊ အငဲ ၊ မျိုးကြီး  ၊ ၀ိုင်ဝိုင်း တို့က ဖျော်ဖြေခဲ့ကြပါတယ်။




















































#MyanmarCelebrity #IronCross

ကိုစွမ်းသူ နဲ့ သရုပ်ဆောင် မိုးယုစံ သားလေး ကောင်းသိင်္ခမိုးသူ (ခ) Austin

$
0
0

 ကိုစွမ်းသူမိုး နှင့် သရုပ်ဆောင် မိုးယုစံ တို့ရဲ့ သားလေး ကောင်းသိင်္ခမိုးသူ (ခ) Austin တို့ရဲ့ မိသားစုပုံရိပ်လေးတွေပါ။
























 #MyanmarCelebrity #SwanThuMoe #MoeYuSan

ဝိန့်စိန်ရွှေဆိုင်ရဲ့ နှစ်သစ်ကူး ရွှေတိဂုံဘုရားအနောက်ဖက်မုဒ်မှာ သံဃာအပါး (၁၈၀၀၀)ဆွမ်းကပ်

$
0
0

ဝိန့်စိန် ရွှေဆိုင်ရဲ့ နှစ်သစ်ကူးအလှူအဖြစ် ဒီကနေ့ ဇန်န၀ါရီလ(၁) ရက်နေ့က ရွှေတိဂုံဘုရားအနောက်ဖက်မုဒ်မှာ သံဃာအပါး (၁၈၀၀၀)ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင်လှူဒါန်းခဲ့ပါတယ်။ 























#MyanmarCelebrity #ShweThamee ##NyiHtutKaung

အဖြူရောင်နှလုံးသားပရဟိတ နှစ်ပတ်လည် ရန်ပုံငွေဖျော်ဖြေပွဲ

$
0
0

အဖြူရောင်နှလုံးသား ပရဟိတအသင်းနှစ်ပတ်လည် ရန်ပုံငွေဖျော်ဖြေပွဲ ကို ဇန်န၀ါရီလ (၁) ရက်နေ့ က ရန်ကုန် ၊ လှည်းတန်းစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။


အဖြူရောင်နှလုံးသား ပရဟိတ အသင်းကို အဆိုတော်ထူးအောင်ရှိုင်းက တည်ထောင်ထားတာဖြစ်ပြီး ရေရှားပါးအရပ်ဒေသ ရေရရှိရေး နှင့် စာသင်ကျောင်းတို့ကို လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အနုပညာရှင်အများစုလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။



#MyanmarCelebrity

သရုပ်ဆောင် နေထူးနိုင် ရဲ့ (၃၉) နှစ်ပြည့်မွေးနေ့ ပျော်ရွှင်စွာဖြတ်သန်း

$
0
0

သရုပ်ဆောင် နေထူးနိုင် ရဲ့ (၃၉) နှစ်ပြည့်မွေးနေ့ ကို ဇန်န၀ါရီလ (၁) ရက်နေ့က ရန်ကုန် ၊ Central Hotel မှာမိသားစု ၊ အနုပညာမိတ်ဆွေအပေါင်းအသင်းများ နဲ့အတူ မွေးနေ့ကိတ်လှီးပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပါတယ်။ #



"ကျွန်တော် အစတုန်းကတော့ ဒီလောက်ထိ လုပ်မယ်လို့  မရည်ရွယ်ထားဘူးပေါ့။ ဒါပေမယ့် ကျွန်တော့် မွေးနေ့  မွေးလ မွေးရက်တိုက် တဲ့အတွက်ကြောင့် လုပ်ဖြစ်တာ ။ ကျွန်တော် ဘာပဲဖြစ်ဖြစ် အသက်က (၃၉ ) ဆိုရင် (၄၀) ပြည့်တော့မှာလေ။ အဲ့တော့ ဘ၀ အစပေါ့။ (၄၀) ကျော်မှ ဘ၀စတာလေ။  အသိတရားတွေ ၊ အမြင်တွေ အများကြီး ကိုယ့်ကိုကိုယ် ပြောင်းလဲနိုင်အောင် ကြိုးစားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ့်ကိုကိုယ် အရင်သိဖို့လိုတယ်။ အဲ့အတွက် ကိုယ့်စိတ်ကိုယ် အများကြီးပြောင်းလဲနေပြီ။ အဲ့တာကြောင့် ဘာပဲဖြစ်ဖြစ် ဒီပွဲလေးကို လုပ်မယ်ဆိုပြီး လုပ်လိုက်တာ ။ နေထူးနိုင်ဆိုတဲ့ အနေအထား ဖြစ်လာအောင် ကူညီပေးခဲ့တဲ့  သူတွေကို မွေးနေ့မှာ ကန်တော့မယ်ပေါ့ ။ ကျေးဇူးရှင်တွေကတော့ အများကြီးပဲ ။ ဒါပေမယ့် တစ်ကယ့်ကို ကျွန်တော့်အပေါ် အများကြီး အထောက်အပံ့ ပြုခဲ့သော ကျွန်တော့်ဆရာတွေကို ကျွန်တော် ကန်တော့တာပါ " - နေထူးနိုင်
By MyanmarCelebrity
















MyanmarCelebrity #NayHtooNaing

မင်းသားဖြစ်လာဖို့ ကူညီခဲ့တဲ့ ကျေးဇူးရှင်တွေ အကြောင်းပြောပြခဲ့တဲ့ နေထူးနိုင်

$
0
0

မင်းသားနေထူးနိုင် လို့  ဒီနေ့ဒီချိန်မှာ ရပ်တည်နိုင်ဖို့ အခက်အခဲတွေ အများကြီးကျော်ဖြတ်လာရတာပါ။ ပိုက်ဆံ(၅)ကျပ်မရှိလို့ (၄) နာရီလောက် လမ်းလျောက်ခဲ့ရသလို ၊ နေစရာမရှိ ထမင်းစားဖို့ မတတ်နိုင်လို့ (၆) လလောက် ခေါက်ဆွဲပြုတ်သောက်ခဲ့ရသူပါ ။ ဒုတိယအဖေလို့ သတ်မှတ်ခဲ့တဲ့ ဒါရိုက်တာ ဦးအောင်မင်းသိန်း က သူ့ဘ၀ရဲ့ ပထမဦးဆုံး ကျေးဇူးရှင်ပါ ။ ဦးဇာဂနာဆီမှာ ရှုတင်မန်နေဂျာ ၊ ဒါရိုက်တာ ၀င်းထွန်းထွန်းဆီမှာ စာအုပ်ကိုင် ၊ လွယ်အိတ်ကိုင် ဘ၀နဲ့လည်း နှစ်ပေါင်းများစွာ လုပ်ခဲ့ရတဲ့ သရုပ်ဆောင် နေထူးနိုင်ပါ ။ သူ့ဘ၀ရဲ့ ဖြစ်တည်မှု အကြောင်းကို MyanmarCelebrity ပရိသတ်အတွက် ရေးသားတင်ဆက်လိုက်ပါတယ်။



“နေထူးနိုင်ဆိုပြီးတော့ ဖြစ်လာဖို့ ကူညီပေးခဲ့တဲ့ ကျေးဇူးရှင်တွေကတော့ အများကြီးပါ ။ ကျွန်တော့်ဘ၀ရဲ့ အနုပညာကို စခဲ့တဲ့သူက ဒါရိုက်တာ ကိုအောင်မင်းသိန်း ။ ကျွန်တော့ ဆရာနောက်မှာ နှစ်ပေါင်းများစွာ ကျွန်တော်လိုက်ခဲ့ရတယ်။ လိုက်ခဲ့တဲ့ အချိန်မှာလည်း တစ်ကယ့်ကို ဆရာကောင်းပီသစွာနဲ့ ကျွန်တော့်ကို သွန်သင်ဆုံးမပေးခဲ့တယ်။ ကျွန်တော် ပြောချင်တာက ဒါရိုက်တာကိုအောင်မင်းသိန်းက ကျွန်တော့်ရဲ့ ဒုတိယအဖေလို့တောင် ပြောလို့ရပါတယ်။ ကျွန်တော့်ဘ၀ အခုလိုပြောင်းလဲလာတာ ဆရာ့ရဲ့  ကျေးဇူးတွေ အများကြီးပါပါတယ်။ ဆရာရောက်ရာဘ၀ကနေ ဒီအခြေနေကို ကျေနပ်မယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဆရာဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်အများကြီးလည်း ကြိုးစားခဲ့ပါတယ်။ ဒုက္ခတွေလည်း အများကြီးပါပဲ ။ ကျွန်တော် ပိုက်ဆံ(၅)ကျပ်မရှိလို့ (၄)နာရီလောက် လမ်းလျောက်ခဲ့ရတယ်။ (၆) လလောက် ထမင်းမစားနိုင်လို့ ခေါက်ဆွဲပြုတ်ပဲ ကျွန်တော်သောက်ခဲ့ရတယ်။ အဲ့ဒီဘ၀ကနေပြီး ဒီအခြေအနေကို ရောက်ဖို့ ကျွန်တော့်ဆရာရဲ့  ဆုံးမသွန်သင်မှုတွေနဲ့ ကျွန်တော်ရောက်လာတာပါ။ ဆရာ ကိုအောင်မင်းသိန်းပြီးတော့ ကျွန်တော် ဒါရိုက်တာ လူရွှင်တော် လက်ရှိ ကျွန်တော်တို့ရဲ့ ဦးဇာဂနာပေါ့။ ကိုအောင်မင်းသိန်း ရဲ့  မိတ်ဆက်ပေးမှုနဲ့ ကျွန်တော် ဦးဇာဂနာဆီကို ရောက်တယ်။ ဦးဇာဂနာဆီမှာလည်း ကျွန်တော် ရှုတင်မန်နေဂျာ အနေနဲ့ နှစ်တွေအများကြီးပဲ ။ ဘယ်လောက်ကြာလဲဆိုတာတောင် ကျွန်တော် မမှတ်မိဘူး။ အဲ့မှာလည်း ဦးဇာဂနာ ရဲ့ သွန်သင်ဆုံးမမှု ကျွန်တော့်အပေါ်မှာ ဆုံးမခဲ့တာတွေ အားလုံးကိုသေချာမှတ်သား လိုက်နာပြီးတော့ ကျွန်တော် ကြိုးစားခဲ့တယ်။ အဲ့ကနေပြီးတော့မှ ဒါရိုက်တာဝင်းထွန်းထွန်း ဆီမှာလည်း နောက်ကနေ စာအုပ်ကိုင် ၊ လွယ်အိတ်ကိုင် ဘ၀နဲ့ နောက်ကနေလိုက်ပြီးတော့ ကျွန်တော် ကြိုးစားခဲ့တယ်။ နေစရာမရှိဘူး ။ ဦးဝင်းထွန်း အိမ်မှာနေရတယ်။ ဒါရိုက်တာ ကိုဝင်းထွန်း နဲ့ မသစ်တို့ဆိုရင်လည်း ကျွန်တော့် အပေါ်ကို အများကြီး ကူညီစောင့်ရှောက်ပေးခဲ့တယ်။ သွန်သင်ဆုံးမပေးခဲ့တယ်။ ဇာတ်လမ်း ၊ ဇာတ်ညွှန်း ဒါရိုက်တာ မောင်မြတ်ဆွေ ။  ကျွန်တော် မင်းသားစဖြစ်တာကကြတော့ ဆရာရိုက်တဲ့ လရောင်ငတ်တဲ့ည ဆိုတဲ့ဗီဒီယိုဇာတ်ကားနဲ့ ပရိသတ်က လက်ခံလာတယ် ။ အဲ့ဒီအချိန်မှာ ပရိသတ်တွေက သိတော့သိပေမယ့်မင်းသားတော့ မဖြစ်ခဲ့ဘူး ။ နယ်ပြန်ပြီးတော့ စာမေးပွဲဖြေတာ နဲ့ ဘွဲ့ယူတာနဲ့ ဆိုတော့ ကျွန်တော်ကြာသွားတယ်။ အဲ့အချိန်မှာ ကံကောင်းချင်တော့ ကျော်ဗီဒီယို ထုတ်လုပ်ရေးက ဆရာဦးကျော် က ဒီဇာတ်ကားကို ကြည့်ဖြစ်သွားတယ်။ ကြည့်ဖြစ်တဲ့အချိန်မှာ ဆရာကျော်က  ခေါ်တယ်။ အဲ့မှစပြီးတော့ ကျော်ဗီဒီယိုထုတ်လုပ်ရေးက ကျွန်တော့်ကို (၁၀) ကားရိုက်ပေးခဲ့တယ်။ (၁၀) ကားလုံး ရှုံးပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျော် ကနေ ရိုက်ဖို့ဘယ်လို အခြေအနေမျိုးမဆို ရိုက်ပါ့မယ်လို့ သေချာပြောပြထားပါတယ်။ ဒါကျွန်တော့်ဘ၀ ကို ပထမဆုံးခေါင်းဆောင် ရိုက်ပေးခဲ့တာကတော့ ကျော်ဗီဒီယို ထုတ်လုပ်ရေးပါ ။ ကျော်ကနေပြီးတော့မှ သံလွင် ဗီဒီယို ထုတ်လုပ်ရေးက ကိုသန့်ဇင် တို့နဲ့ခင်ပြီး ကူညီပံ့ပိုးမှုနဲ့ ခေါင်းဆောင်တွေ ရိုက်လာခဲ့တယ် ။ အဲ့ကနေပြီးတော့မှ ခရေဖြူထုတ်လုပ်ရေး နဲ့ခင်ပြီး ကျွန်တော့်ကို ခေါင်းဆောင်ရိုက်ပေးတယ်။ ကျွန်တော် (၆) လောက် နေစရာမရှိတဲ့အချိန်မှာ ရွှေစင်ဦး ထုတ်လုပ်ရေးက ကိုကျော်လင်းထွန်း ၊ နေမင်း ရဲ့ အစ်ကိုပေါ့ ။ သူတို့တွေဆီမှာလည်း နေစရာမရှိလို့ (၂)လလောက် နေခဲ့တဲ့အတွက်ကြောင့် ကျေးဇူးရှိပါတယ်။ အခုဆိုရင် ကျွန်တော့် အပေါ် အမြဲတန်း သွန်သင် ဆုံးမနေတာကတော့ မျက်ခြယ်က ဦးဝင်းနိုင်ပါ။ ဦးမီးပွားလည်း ပါပါတယ်။ ဦးပွား ကကျွန်တော့်ကို အသိအမြင်တွေ ရအောင် လုပ်ပေးခဲ့တဲ့သူဖြစ်တဲ့အ တွက်ကြောင့် ကျေးဇူးတင်တယ် ” လို့  သရုပ်ဆောင် နေထူးနိုင် က MyanmarCelebrity ကိုဖြေဆိုခဲ့ပါတယ်။ 













#MyanmarCelebrity #NayHtooNaing

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား

$
0
0

၂၀၁၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို အခုလာမယ့် မတ်လမှာ ပြုလုပ်တော့မှာပဲဖြစ်ပါတယ် ။ ဒီနှစ် အပြိုင်အဆိုင်ပြင်းထန်မယ့် အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၅၃) ကား ပေါ်ထွက်လာပါပြီ  ။ အကယ်ဒမီ ဇာတ်ကား (၅၃)ကားထဲက မှ MyanmarCelebrity ပရိသတ်ကြီးအတွက် ပထမဦးဆုံး ဇာတ်ကား(၃)ကား ရဲ့ ဇာတ် ၀င်ခန်းတွေ ကို အမှတ်တရကြည့်ရှုနိုင်ဖို့  ရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားတွေကတော့ တာတေကြီး ၊ ရင်ဘတ်ထဲကဓား နဲ့ ကပ္ပိယ ရုပ်ရှင်ဇာတ်ကား တွေပဲဖြစ်ပါတယ်။



"ရင်ဘတ်ထဲက ဓါး"ရုပ်ရှင်ဇာတ်ကား ကို ဒါရိုက်တာ ၀ိုင်း က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ပြေတီဦး ၊ အိန္ဒြာကျော်ဇင် ၊ ထွန်းအိန္ဒြာဗိုလ် ၊ မြတ်ကေသီအောင် တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားက အိမ်ထောင်ရေး အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။




တာတေကြီး ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ၀ိုင်း က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် နေတိုး ၊ ရွှေသမီး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက အိန္ဒိယ ရုပ်ရှင်ကို မှီငြိမ်းရိုက်ကူးထားတာဖြစ်လို့ ဒါရိုက်တာဝိုင်း က ပြောထားပါတယ်။ ဒီဇာတ်ကားက သရဲကားဖြစ်ပြီး ကော်ပီဇာတ်ကားဖြစ်လို့ ဒါရိုက်တာ အတွက် အကယ်ဒမီဆုကို မျှော်မှန်းလို့ မရနိုင်ဘူးလို့ သိရပါတယ်။







စာရေးဆရာမ ခင်ခင်ထူး ရဲ့ ကျေးလက်သဘာဝ တောဓလေ့ကို နောက်ခံပြုထားတဲ့ “ကပ္ပိယ” ၀တ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) မှ ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး  အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ ဖွေးဖွေး ၊ ကောင်းပြည့် နှင့်အတူ သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
By MyanmarCelebrity





#MyanmarCelebrity #Wyne #PyaeTiOo #NayToe #EainDraKyawZin #PhwayPhway

"၀င်ကစွပ်"ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတဲ့ နေမျိုးအောင် နဲ့ နန်းခင်ဇေယျာ

$
0
0

"၀င်ကစွပ်"ဗီဒီယိုဇာတ်ကားကို ဒီဇင်ဘာလ (၂) ရက်နေ့က သန်လျင်မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ဂျိုး ကရိုက်ကူးပုံဖော်နေပြီး သရုပ်ဆောင် နေမျိုးအောင်၊ ဘုန်းမြတ်ကျော်၊ နန်းခင်ဇေယျာ၊ မင်းလူနတ် နှင့် အခြားသရုပ်ဆောင်များပါဝင်ထားပါတယ်။




#MyanmarCelebrity #NayMyoAung #PhoneMyatKyaw #NanKhinZayyar#MinLuuNat

"မသိဘူး မုန်းတယ်"ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတဲ့ ဇေရဲထက်နဲ့ နန်းဆုဦး

$
0
0

"မသိဘူး မုန်းတယ်"ဗီဒီယိုဇာတ်ကားကို ဇန်န၀ါရီလ (၂) ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏမှာရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် ဇေရဲထက်၊ နန်းဆုဦး၊ နှိုင်းယှဉ်မြင့်မိုရ်၊ ဇော်ဇော်အောင် နှင့် အခြားသရုပ်ဆောင်များပါဝင်သရုပ်ဆောင်နေပါတယ်။












 ဒီကနေ့က သရုပ်ဆောင် ဇော်ဇော်အောင် ရဲ့အသက် (၃၉) နှစ်ပြည့်မွေးနေ့ ဖြစ်တာကြောင့်  သုဝဏ္ဏရှိ ရှုတင်ရိုက်ကွင်းမှာ အနုပညာမောင်နှမတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပခဲ့ပါတယ်။






 #MyanmarCelebrity #ZayYeHtet #NanSuOo #NyhingShinMyintMo#ZawZawAung

သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားမှာ ဒရမ်မာလုပ်ခွင့်ရခဲ့ပါတယ် - နေမျိုးအောင်

$
0
0

မကြာမီရုံတင်တော့မယ့် "သုံးရောင်ခြယ်"ရုပ်ရှင်ဇာတ်ကားကြီး မှာ ရွှေသမီး ရဲ့ ဦးလေး၊ အရက်သမားတစ်ယောက်နေရာ က ပါဝင်ထားရပြီး ဒရမ်မာလုပ်ခွင့် တော်တော်များများ ရခဲ့ပါတယ်လို့ သရုပ်ဆောင် နေမျိုးအောင် က MC ကိုပြောပါတယ်။



"သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားမှာ အစ်ကို က မ၀ါဝါအောင် ရဲ့ မောင်ပေါ့ ။ ရွှေသမီး ရဲ့ ဦးလေး အရက်သမားကြီး (ရွာကဇော်) နေရာပေါ့ ။ အဲ့လိုနေရာ က ပါဝင်သရုပ်ဆောင်ထားရပါတယ်။ ဒီဇာတ်ကားကို စတီး (ဒွေးမေတ္တာ) က အပင်ပန်းခံပြီး မြ၀တီဘက်မှာ သွားရိုက်ထားတာ ။ အစ်ကိုတို့  မြ၀တီမြို့ပေါ်မှာ တည်းတာ ၊ ရိုက်ကွင်းကြတော့ အဝေးကြီးပဲ သွားရတာပေါ့ ။ ကာရိုက်တာကတော့ တော်တော်ကောင်းပြီး နောက်ဆုံးမှာ ဒရမ်မာလေးလည်း လုပ်ခွင့်အများကြီး ရတယ်ပေါ့။  ပါဝင်တဲ့သရုပ်ဆောင်တွေကတော့  သူ့နေရာနဲ့သူ အံဝင်ဂွင်ကျနဲ့ ကာရိုက်တာလေး အကုန်လုံးကောင်းတယ်။ ဇာတ်ကားကလည်း တော်တော်ကို ရသမြောက်တဲ့ကားလေးပါ ။ အစ်ကိုပါဝင်ရတဲ့ ဇာတ်ကောင်စရိုက် နဲ့ ကာရိုက်တာကိုတော့ အပီပြင်ဆုံး သရုပ်ဆောင်ထားတယ်ပေါ့ ။ ကိုစတီးလည်း လိုအပ်တာလေးတွေဆိုရင် ကြိုပြင်ဆင်ဖို့ အစ်ကို့ကို ပြောတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်တွေလည်း အများကြီးရပါတယ်။ အားရမှုရှိလားဆိုရင်တော့ အကောင်းဆုံး အနုပညာနဲ့ကြိုးစားထားပါတယ်။ ကိုခန့်စည်သူ ၊ မင်းမော်ကွန်း ၊ အိချောပို  ၊  ရွှေသမီး သရုပ်ဆောင်တွေ ကတော်တော်ကို အင်အားကောင်းပါတယ်။ ဒီကားကို ကိုစတီး (ဒွေးမေတ္တာ) က လည်း ကြိုးစားပမ်းစားကို အနုပညာပြောင်မြောက်အောင် ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ။ ပေးချင်တဲ့ မက်ဆေ့ကိုလည်း ပရိသတ်တွေ အွန်လိုင်းပေါ်ကနေ ကြည့်ပြီးလောက်ပြီ ထင်ပါတယ် ။ လာရောက်အားပေးကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်   ”- နေမျိုးအောင်
By MyanmarCelebrity






#MyanmarCelebrity #NayMyoAung

အချစ်ရေးကံကောင်းတဲ့ထဲမှာ မပါဘူး - နန်းခင်ဇေယျာ

$
0
0

လက်ရှိအချစ်ရေးကတော့ တစ်ယောက်တည်း အေးဆေးပါ ၊ နန်းခင်က အချစ်ရေး ကံကောင်းတဲ့ထဲမှာတော့ မပါပါဘူးလို့ သူမက MC ကိုပြောပါတယ်။



“ နန်းခင်ရဲ့  အချစ်ရေးကတော့ တည်တည်ငြိမ်ငြိမ် နဲ့ အေးဆေးပါပဲ။ တစ်ချိန်လုံးပြောင်းလဲသွားတဲ့ အထဲမှာလည်း မပါပါဘူး။ အပြောင်းအလဲလည်း မမြန်တတ်ပါဘူး။ လက်ရှိမှာ တစ်ယောက်တည်းလား ပရိသတ်မေးတော့လည်း တစ်ယောက်တည်းပါ ။ နှစ်ယောက်တွဲမြင်ရဖို့ကတော့ လိုပါသေးတယ်။ ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ရေရှည်သွားဖို့ဆိုတာက ကိုယ့်လို အနုပညာသမားကိုလည်း နားလည်ပေးနိုင်မှလည်း အဆင်ပြေမှာပါလေ။ အချစ်နဲ့ပက်သက်တဲ့ ခံစားမှုတွေ ရှိခဲ့တဲ့အတွက်ကြောင့် အခုလိုတည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်နေတာပါ ။ အချစ်နဲ့ပက်သက်ပြီး နန်းခင် အကောင်း၊အဆိုးဆိုပြီးတော့ မသတ်မှတ်ပါဘူး ။ ကိုယ်ချစ်ခဲ့တယ်ဆိုပေမယ့် ရေရှည်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမပေးနိုင်ကြလို့ လမ်းခွဲခဲ့ကြတာ ။ အမုန်းတရားနဲ့ လမ်းခွဲခဲ့ကြတာလည်း မဟုတ်ဘူး ။ တစ်ဦးကို တစ်ဦး နားလည်မှုပေးပြီးတော့ လမ်းခွဲခဲ့ကြတာပါ။ အဲ့တာကပဲ အခုချိန်မှာ ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ၊ ရင့်ကျက်အောင် လုပ်ပေးလိုက်တဲ့အတွက်ကြောင့် အခုချိန်မှာ အပျိုကြီးလို့  ပြောလို့ရတာပေါ့။ အချစ်ရေးကံကောင်းတဲ့ထဲမှာ နန်းခင်မပါပါဘူး၊ နန်းခင်က မစွံပါဘူး ။ နန်းခင်မှာ အချစ်ရေးနဲ့ပက်သက်ပြီးတော့ Target  ထားတာမရှိဘူး ။ အချစ်ဆိုတာက Target ထားလို့ရတာ မဟုတ်ဘူးလေ။ အချစ်ဆိုတာကို ကိုယ်မြင်တဲ့အချိန်မှာ တစ်ဒုန်းဒုန်းဖြစ်သွားတာမဟုတ်ပဲ တစ်နှစ်မှာတစ်ယောက် တွဲတာ မျိုးတော့ မဖြစ်နိုင်ဘူး ။ နန်းခင်က အရမ်းခံစားလွယ်တယ်ဆိုတော့ ကိုယ့်အတွက် အပူမရှာတာပဲကောင်းပါတယ် ”- နန်းခင်ဇေယျာ
By MyanmarCelebrity





#MyanmarCelebrity #NanKhinZayar
Viewing all 13590 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>