Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all 13596 articles
Browse latest View live

ပြိုင်ပွဲဝင်တွေကို မောင်နှမလိုပဲ ဆက်ဆံတယ် - နီနီခင်ဇော်

$
0
0

သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်တစ်ယောက်အနေနဲ့ ပါဝင်တဲ့အခါ ကိုယ်တိုင်လည်း ပြိုင်ပွဲဝင်အနေ နဲ့ တတ်လာရတဲ့အတွက် မောင်နှမတွေလိုပဲ ပြိုင်ပွဲဝင်တွေကို ဆက်ဆံပါတယ် လို့  အဆိုတော် နီနီခင်ဇော် က MC သို့ပြောပါတယ်။


“  ပြိုင်ပွဲတွေမှာဆိုရင် နီနီက ဒိုင်တစ်ယောက် အနေနဲ့ မဟုတ်ပဲနဲ့ Coach တစ်ယောက်အနေနဲ့ ပဲဝင်ရမှပါ။ ကိုယ်က သိထားတာလေးတွေကို ညီအစ်ကိုမောင်နှမတွေကိုလည်း ဝေမျှမယ် ။ တီဗီကြည့်တဲ့ ပရိသတ်တွေကိုလည်း ဗဟုသုတလေး တွေရမယ်ပေါ့နော်။ နီနီကိုယ်တိုင်လည်း ပြိုင်ပွဲဝင်ဖြစ်ခဲ့တဲ့ အတွက်ကြောင့် သူတို့စိတ်တွေ ဘယ်လောက်ထိ လှုပ်ရှားမလဲဆိုတာကို သိတယ် ။ အဲ့လို သူငယ်ချင်းစိတ်နဲ့ပဲ သွားပါမယ် ” - နီနီခင်ဇော်



TheVoice Myanmar သီချင်းဆိုပြိုင်ပွဲမှာ နီနီခင်ဇော် က ဒိုင်တစ်ယောက် အနေနဲ့ ပါဝင်သွားမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ၂၀၁၈ခုနှစ် မတ်လ မှာစတင်တော့မှာဖြစ်ပြီး လင်းလင်း ၊ ဟန်ထူးလွင် နဲ့ ရန်ရန်ချမ်း တို့လည်း ဒိုင်အနေနဲ့ ပါဝင်မယ်လို့ သိရပါတယ်။



“  TheVoice  မှာဘာလို့ လုပ်ဖြစ်လဲဆိုရင် နိုင်ငံတကာမှာလည်း အသံကို ဒိုင်တစ်ယောက်အနေနဲ့ မဟုတ်ပဲ Coach တစ်ယောက် အနေနဲ့ သူ့ကိုလည်း Personal Train လည်း လုပ်ပေးရတယ်။ သူ့ရဲ့အသံပိုင်း ၊ Talent ၊ Perfomance ဆိုင်ရာ အတွေ့အကြုံလေးကိုလည်း နီနီ ဝေမျှ ခွင့်ရတယ်။ အဲ့တာကြောင့်လည်း ပါဝင်ဖြစ်တာပါ ။ အရမ်းကို Talent ရှိတဲ့ ကိုကျား ၊ ကိုလင်းလင်း ၊ ကိုရန်ချမ်း နဲ့ တူတူ လေးယောက်ပေါင်းပြီး ပွဲအစမှာ ဆိုရမှာ ။ ဒီပြိုင်ပွဲကတော့အသံကို ဦးစားပေးမှာဖြစ်တဲအတွက်ကြောင့် ဒိုင်တွေကို အံ့သြသွားစေလိမ့်မယ့်.အသံပိုင်ရှင်ကို မျှော်လင့်နေပါတယ် ” လို့ သူမကပြောပါတယ်။






#MyanmarCelebrity #NiNiKhinZaw

အဆိုတော်TMix VCD အတွက် MTV ရိုက်ကူးခဲ့တဲ့ Kညီနဲ့ နှိုင်းယှဉ်မြင့်မိုရ်

$
0
0

သရုပ်ဆောင် K ညီ နဲ့ နှိုင်းယှဉ်မြင့်မိုရ် တို့က အဆိုတော် TMix ရဲ့ VCD အတွက် MTV ကို ဒီဇင်ဘာလ (၂၆) ရက်နေ့ က သာကေတမှာ ရိုက်ကူးပေးခဲ့ပါတယ်။











#MyanmarCelebrity #KNyi #NhyingShinMyintMo

ကိုဘင်း နှင့် နှိုင်းယှဉ်မြင့်မိုရ် တို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်

$
0
0

  ရိုက်ကွင်းတစ်ခုပေါ်မှာ တွေ့ရတဲ့ သရုပ်ဆောင် ကိုဘင်း နှင့် နှိုင်းယှဉ်မြင့်မိုရ် တို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်တွေကို MyanmarCelebrity ကဖော်ပြလိုက်ရပါတယ် ။









#MyanmarCelebrity #KoBin #NhyingShinMyintMo

ဖက်တီးကာရိုက် အကောင်းဆုံး အသုံးချထားတယ် - ဂျိုကာ

$
0
0

ဂယ်ဘဲသရဲနှင့်သူငယ်ရွာ ဇာတ်ကားမှာ ဖက်တီးတစ်ယောက်အနေ နဲ့ သရုပ်ဆောင်ထားတာဖြစ်ပြီး ရလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး အသုံးချထားတယ်လို့ သရုပ်ဆောင်  ဂျိုကာ က MC သို့ပြောပါတယ်။


“ ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်ကတော့ ဖက်တီး ကာရိုက်တာနဲ့ ရတဲ့လုပ်ကွက်လေးကို အကောင်းဆုံးအသုံးချထားပါတယ်။ ကျွန်တော်တို့ ရန်ကုန် သန်လျှင် ဘက်မှာ ဆက်တိုက်ရိုက်ကြတယ်။ အမှတ်တရကတော့ ဆီပုံးမှောက်တာပေါ့ ။ တစ်ကိုယ်လုံးလည်း ပေကျံကုန်တာ ။ ဒါကတော့ အမှတ်တရပါပဲ ။ ဟာသကားလေးလည်း ဖြစ်တယ် ။ အနုပညာရှင်တွေ အကုန်လုံးတတ်တတ်ကြွကြွနဲ့ ပါဝင်ပြီးတော့ အစွမ်းကုန်သရုပ်ဆောင်ထားတဲ့ အတွက်ကြောင့် ပရိသတ်ကျေနပ်မယ့်  ဇာတ်ကားလေးတစ်ကားပါ ”- ဂျိုကာ



 ၂၀၁၇ခုနှစ် က  သူ့အတွက် အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်လို့ ပြောထားပါတယ်။ “ကျွန်တော်ကတော့ ကျေနပ်တယ်။ ၂၀၁၇ ထဲမှာတော့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်ကြိုက်တဲ့ ထိုင်းဒါရိုက်တာ တစ်ယောက်အနေနဲ့  ပါဝင်ခဲ့ရတယ်။ ကိုရဲလေး ရှိုးပွဲကြီးကိုလည်း ကျင်းပခဲ့ရတယ်။ ကြော်ငြာတွေလည်း ရိုက်ဖြစ်ခဲ့ပါတယ် ။ ၂၀၁၇ ကတော့ ကျွန်တော့်အတွက်ကို တော်တော်လေး လူသိသွားစေတဲ့ အရာလေးတွေ လုပ်ဖြစ်ခဲ့တာပေါ့နော်။ နောက်နှစ်မှာလည်း ရိုက်ကူးရေးတွေလည်း အများကြီး ရှိဦးမယ် ” လို့ သူကပြောပါတယ်။



#MyanmarCelebrity#Joker

"နံပါတ်တစ် တရားခံ"ဗီဒီယို ဇာတ်ကားရိုက်ကူးနေတဲ့ ဒါရိုက်တာကျော်နှင်းဆီ

$
0
0

"နံပါတ်တစ် တရားခံ"ဗီဒီယို ဇာတ်ကား ကို ဒီဇင်ဘာလ (၂၇) ရက်နေ့ က ရန်ကုန် ၊ YMCA မှာ ရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ် ။ ဒီဇာတ်ကားကို ဒါရိုက်တာ ကျော်နှင်းဆီ က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် နေနော် ၊ အောင်ဇော်၊ မြင့်မြင့်ခိုင် ၊ ပိုးအိအိခန့် နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထား ကြပါတယ်။















#MyanmarCelebrity#NayNaw #AungZaw #MyintMyintKhine #KyawHninSi #PoeEiEKhant

"နံပါတ်တစ် တရားခံ"ဗီဒီယို ရိုက်ကွင်းပေါ် က ပိုးအိအိခန့်

$
0
0

 "နံပါတ်တစ် တရားခံ"ဗီဒီယို ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ပိုးအိအိခန့် ရဲ့  ရိုက်ကွင်းပေါ်က အလှပုံရိပ် တွေကို MyanmarCelebrity က ဖော်ပြလိုက်ပါတယ်။







#MyanmarCelebrity #PoePoeEiKhant

ပိုးအိအိခန့်အစစ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် FB Account မဖွင့်ကြပါနဲ့ - ပိုးအိအိခန့်

$
0
0

ပိုးအိအိခန့် နာမည် နဲ့ ဓာတ်ပုံကို ယူသုံးလို့ ရပေမယ့် ပိုးအိ ကိုယ်တိုင်သုံးနေတဲ့ FaceBook  Account အစစ်လို့ ထင်ယောင်ထင်မှား ဖြစ်အောင် ဖွင့်ပြီး မသုံးကြပါနဲ့လို့ သူမက MC သို့ပြောပါတယ်။



“ဒီအကောင့်တု ကို သိထားတာ ညီမ (၂)လလောက်တော့ ရှိသွားပြီပေါ့ ။ နိုဝင်ဘာလလောက် က ညီမနဲ့တူတယ်ဆိုတဲ့ Fake ပိုးအိအိခန့် ကို ညီမစကားသွားပြော လိုက်သေးတယ်။  သူ့အကောင့်ကို   Report ထုခိုင်းလည်း ပျက်ပါတယ် ။ ဒါပေမယ့် သူလည်းအကောင့်တစ်ခုကို ဖွင့်ထားရတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်အားနာတယ်။ ညီမအကောင့်လိုပဲ တစ်ချို့တွေ ညီမပုံ နဲ့ ညီမနာမည်နဲ့ ပဲဖွင့်ထားပြီးတော့ သူတို့စာလေးရေးထားတယ်။ မပိုးအိပရိသတ်ပါ ၊ မပိုးအိ ရဲ့ အကောင့်အစစ် မဟုတ်ပါဘူးပေါ့။ အဲ့လိုတင်တယ်၊ ရေးတဲ့သူတွေကိုလည်း ညီမဘာမှ မပြောဘူး။ သူတို့လုပ်လို့ရတယ်။ အစကတည်းကလည်း ပိုးအိ ပရိသတ်ပါလို့ ပွင့်ပွင့်လင်းလင်းပြောပြီး ဖွင့်ထားတာလေ။ ဒါပေမယ့် အဲ့အကောင့်ကကျတော့ ပိုးအိ ပုံစံတွေ နဲ့ တင်တာ။ Profile Picture ၊ Cover Photo  ကအစ လုံးဝကွက်တိ ကို ဖွင့်ထားတာပေါ့ ။ ရေးထားတဲ့ စာတွေကအစ ပိုးအိ တင်သလိုတင်တာ ။ စာမေးပွဲအောင်စာရင်း တင်ပြီဆိုလည်း သူက အောင်ပြီဟေ့ ဆိုပြီးတော့ လိုက်တင်တာ ။ ကိုယ်လည်း သူ့ကို အကောင့်မပျက်စေချင်ပါဘူး ။ အဲ့တောကြောင့် စကားတောင် သွားပြောလိုက်သေးတယ်။ 
( ညီမလေး ၊ အစ်မ ပိုးအိအိခန့်ပါ ။ အစ်မ ကို အားပေးတယ်ဆိုရင် အစ်မရဲ့  နာမည် ၊ ပုံကို ယူလို့ရပါတယ်။ ဒါပေမယ့် မပိုးအိ ရဲ့ ပရိသတ် ပါဆိုတဲ့ ပုံစံမျိုးနဲ့ပဲတင်ပါလို့ ။ အစ်မ အနေနဲ့တင်တာကြတော့ ပရိသတ်ကို လိမ်ရာကြပါတယ်လို့ အဲ့လိုမျိုးပြောလိုက်တယ်။) 

 ဒါပေမယ့် သူက ကိုယ့်ကိုချေတယ်။ စာကိုဝင်တောင် မဖတ်ဘူး ။ အဓိကကတော့ သူက ကိုယ့်နာမည်နဲ့ဆိုတော့ဘယ်သူလိမ်လဲ ၊ ပိုးအိခန့်လိမ်တယ် ။ ဖြစ်မယ် ။ အစ်မပုံနဲ့ အစ်မ နာမည်နဲ့ သုံးချင်တယ်ဆိုလည်း သုံးပါ ။ ဒါပေမယ့် အစ်မ အနေနဲ့တော့ မသုံးပါနဲ့ ။ ပြသနာတွေဖြစ်လာမှာဆိုးလို့လေ အစ်မ ရန်လည်းမလိုပါဘူး ။ Report လည်း မထုခိုင်းပါဘူး ”  -  ပိုးအိအိခန့်  

By MyanmarCelebrity 




 #MyanmarCelebrity #PoeEiEiKhant

ဝေဖန်မှုတွေကြောင့် Rap သီချင်းရေးနိုင်အောင် ကြိုးစားနေပါပြီ - ပြုံးမြသွယ်

$
0
0

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂) ရုပ်ရှင်ဇာတ်ကားမှာ “ကိုယ့် Rap ကို မရေးနိုင်ရင် ငပေါ ” လို့ ပြောလိုက်တဲ့ ဇာတ်ဝင်ခန်းကြောင့် ဝေဖန်ခံခဲ့ရလို့ ကိုယ်တိုင်လည်း Rap သီချင်းတွေ ရေးနိုင်အောင် ကြိုးစားနေပါပြီ လို့ အဆိုတော် ပြုံးမြသွယ် က MC သို့ပြောပါတယ်။



“  ကိုယုန်လေး နဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂) မှာလည်း ညီမပြောခဲ့ပါတယ်။ ကိုယ့် Rap ကို မရေးနိုင်ရင် ငပေါ လို့ပြောခဲ့ပါတယ်။ အဲ့တုန်းကလည်း ပြောရမယ်ဆိုတာကို မသိပဲ ညီမပြောမိပါတယ် ။ အဲ့တော့ ညီမကို တိုက်ခိုက်ပြီးတော့ ပြောကြတယ် ။ ညီမကလည်း  Rap  မရေးနိုင်ပဲနဲ့ပေါ့ ။ ဒါပေမယ့် အခုတော့ ညီမလည်း ကိုယ့်  Rap  ကိုယ် ရေးနိုင်နေပါပြီ ။ ရေးနိုင်အောင် ကြိုးစားနေပါပြီ။ အခုစာအုပ်တွေ ဖတ်နေပါပြီ ။ Hit ဖြစ်နေတဲ့ သီချင်းတွေကိုလည်း လုပ်နေပါပြီ။ ကိုယ့်ဘာသာ သီချင်းရေးနိုင်ဖို့လည်း ကြိုးစားနေပါပြီ။ ကိုGFire၊ ကို GFatt တို့ဆီကလည်း သီချင်းရေးတာတွေ သင်နေပါပြီ” - ပြုံးမြသွယ်



ဂီတကို ငယ်ငယ်လေးကတည်း စိတ်ဝင်စားလို့ ရွေးချယ်ခဲ့ပြီး Rap နဲ့ RMB   သီချင်းတွေကို ပိုပြီးကြိုက်နှစ်သက်တယ်လို့ ပြောပါတယ်။ ပရိသတ်တွေ ကလည်း အားပေးကြတယ့် အတွက်ကြောင့် ပိုပြီးတော့လည်း ကြိုးစားနေပါတယ်လို့ ပြောပါတယ်။


“Hello December  သီချင်းထွက်တဲ့အခါမှာလည်း  အားပေးကြတာကို တွေ့ရပါတယ်။  ကိုယ့်ကို ဒီလောက်ထိ အားပေးလိမ့်မယ်လို့ မထင်ထားပါဘူး ။ အခွေတွေထွက်ရင်လည်း အားပေးကြပါ ။ ပြီးတော့ညီမတို့ရဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂) လည်း ၂၀၁၈ခုနှစ် (၁) လပိုင်း (၁၂) ရက်နေ့ရုံတင်တော့မှာပါ ။ လာကြည့်ကြပါလို့  ပြောချင်ပါတယ် ” လို့ သူမကပြောပါတယ်။
By MyanmarCelebrity


#MyanmarCelebrity #PyoneMyaThwe

အခွေတစ်ခွေထွက်အောင် မနည်းရုန်းကန်နေရပါတယ် - သိန်းလင်းစိုး

$
0
0

ပရိသတ်တွေက အဆိုတော်တွေကို အရမ်းချမ်းသာတဲ့ သူတွေလို့သာထင်တာ တစ်ကယ်တန်း အခွေတစ်ခွေထွက်ဖို့ မနည်းရုန်းကန်နေရတာပါလို့ အဆိုတော် သိန်းလင်းစိုး က MC သို့ပြောပါတယ်။


“ ပရိသတ်တွေက အဆိုတော် ၊ မင်းသား၊ မင်းသမီး တွေကို အထင်ကြီးတယ်ဗျ ။ အရမ်းချမ်းသာတယ်ပေါ့  ။ တစ်ကယ်တန်းကြတော့ အဲ့လိုမဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ကတော့ ကိုယ့်အကြောင်းကိုယ် သိတာပေါ့ ။ ကျွန်တော်တို့ က သီချင်းသာပေါက်သွားတာ အဆိုတော်တွေ က နောက်တစ်ခွေထွက်ဖို့ နယ်တွေမှာ ရှိုးပွဲပေါင်းများစွာလိုက်ဆို ပြီးတော့မှသာ အခွေပြန်ထွက်လို့ရတာလေ။ Audio ခွေထွက်ရင်လည်း ကုန်ကျတာများသလို ၊ MTV ဆိုရင်လည်း ပိုပြီးတော့ ကုန်တယ်။ တစ်ကယ်တန်းဆိုရင် ကျွန်တော်တို့   Original အခွေကကြတော့ မရောင်းရဘူး ။  အဲ့အတွက် ကျွန်တော်တို့ ပိုက်ဆံက အမြတ်နေနေ အရင်းတောင် ပြန်ရဖို့ မလွယ်ဘူး။ အဲ့တော့ တစ်ခြားနည်းမျိုးစုံနဲ့ စီးပွားရေးတွေ အမျိုးမျိုးလုပ်ပြီး အဆိုတော် သက်တမ်းရှည်အောင် လုပ်နေကြတာပေါ့ ” - သိန်းလင်းစိုး



 ဂီတလောကထဲမှာ ဖြတ်သန်းလာတာ (၁၅) နှစ်နီင်္းပါးရှိပြီ ဖြစ်ပေမယ့် ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ အချိန်တွေ ကုန်ခဲ့တယ်လို့ ပြောထားပါတယ်။ “ အရင်တုန်းက ကိုယ့်အလုပ်ကိုယ် သေချာမလုပ်ဘူး ။ သူများ အလုပ်တွေကို လိုက်ကူညီဖြစ်တာများတယ်။ အရင်တုန်းကဆိုရင်  Girl Band တွေကို မန်နေဂျာ လုပ်တယ်၊ သီချင်းတွေ ရေးဖြစ်တယ်။ အခွေစီစဉ်သူတွေရော ။ အများကြီးပဲ ကိုယ့်အတွက်ကိုယ်မလုပ်ပဲ သူများတွေ အတွက်လုပ်ပေးဖြစ်တာ ။ အဲ့လိုနဲ့ နှစ်တွေ အများကြီးလုပ်ပေးခဲ့တယ်။. နောက်ပိုင်းကြတော့ အသက်တွေလည်း ကြီးလာပြီ အရွယ်ရောက်လာပြီ ဆိုမှသာ ကိုယ့်အလုပ်လေး ကိုယ်ပြန်လုပ်ဖြစ်တာ။ ကျွန်တော်ကနေရာမရသေးပါဘူး ။ကျွန်တေ့်ာကို လက်ခံတယ်ဆိုတဲ့ ပရိသတ် လက်တစ်ဆုပ်စာလောက်ပဲရှိသေးတာပါ ။ ၂၀၁၈ မှာ ကျွန်တော့်ရဲ့ တတိယအခွေလေးထွက်နိုင်အောင် ပိုက်ဆံတွေစုနေတယ် ”လို့ သူကပြောပါတယ်။


#MyanmarCelebrity #TheinLinSoe

ဦးဝိမလ ဘွဲ့နာမည် နဲ့ ဦးဇင်းဝတ်နေတဲ့ အဆိုတော်လွှမ်းပိုင်

$
0
0

သင်္ဃန်းကျွန်းမြို့နယ်၊ ဥတ္တရရာမ ကျောင်းတိုက် မှာ ဦးဇင်း ဦးဝိမလ ဘွဲ့နာမည်နဲ့ အဆိုတော် လွှမ်းပိုင် က ဒီဇင်ဘာလ (၂၇)ရက် နေ့မှ (၂၈)ရက်နေ့အထိ သာသနာ့ဘောင်သို့ ၀င်ရောက် ကုသိုလ်ယူနေတာပဲဖြစ်ပါတယ်။


"အေးချမ်းချင်တယ် ။ ဘာသာတရားကို လုပ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်ဖြစ်တာပေါ့ ။ အဓိကကတော့ တရားနဲ့ပိုပြီးတော့နီးသွားတာပေါ့ ။ အရင်တုန်းကဆိုရင် ပုတီးတွေ ဘာတွေတောင်မစိပ်ဖြစ်ဘူး ။ အခုတော့ သေချာသင်ပြီးတော့ စိပ်ဖြစ်နေတယ်ပေါ့နော်။ နည်းနည်းပိုပြီးတော့ အေးချမ်းသွားတယ်လို့ ခံစားရတယ် ။ ဖြစ်နိုင်ရင်တော့ တစ်လလောက် နေချင်တာ ။ ဒါပေမယ့် (၃၀)၊(၃၁)မှာ ဆိုစရာလေးတွေလည်း ရှိတယ်။ အဲ့တာကြောင့် ဒီတစ်ခါတော့ ရက်နည်းသွားတာပေါ့ '' - လွှမ်းပိုင်
By MyanmarCelebrity



 #MyanmarCelebrity #HlwanPaing

ထက်နိုင်အောင် ရဲ့ ဗီဒီယိုဇာတ်ကားများ မိတ်ဆက်ပွဲ အနုပညာရှင်များတတ်ရောက်

$
0
0

သရုပ်ဆောင် ထက်နိုင်အောင် ရဲ့ ဗီဒီယိုဇာတ်ကားများ ကန်တော့ပွဲပေးအခမ်းအနားကို ဒီဇင်ဘာလ (၂၈) ရက်နေ့ က ရန်ကုန်မြို့၊ Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။





#MyanmarCelebrity #HtetAungNaing #MayPanChee#BabyMaung

Bella Cosmetics ရဲ့ ကံထူးရှင်ရွေးချယ်ပွဲ အခမ်းအနားပြုလုပ်

$
0
0


 Bella Cosmetics ရဲ့ ကံထူးရှင်ရွေးချယ်ပွဲ အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာလ (၂၈) ရက်နေ့ က ရန်ကုန်မြို့၊ Novotel Hotel မှာပြုလုပ်ခဲ့ပါတယ် ။




#MyanmarCelebrity

ဟာသသရုပ်ဆောင် ဒိန်းဒေါင် ရဲ့ အသက် (၄၄)နှစ်ပြည့် မွေးနေ့အလှူပြုလုပ်

$
0
0

ဟာသသရုပ်ဆောင် ဒိန်းဒေါင် ရဲ့  အသက် (၄၄) နှစ်ပြည့် မွေးနေ့အဖြစ်  ဒီဇင်ဘာလ (၂၉ ) ရက်နေ့ က ရန်ကုန် ၊ မြောက်ဥက္ကလာမြို့နယ် မှာ အလှူလုပ်ခဲ့ပါတယ်။ မွေးနေ့ကို သူ့ရဲ့နေအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်ကွက်ရှိ လမ်းသူ ၊ လမ်းသားများအား ဆန်တစ်ပြည် ၊ ကလေးတစ်ယောက်ကို မုန့်ဖိုး(၁၀၀၀) စီ နဲ့ ကြာဇံကြော် ကျွေးမွေးပြီး အလှူဒါန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



"အသက် (၄၄) နှစ်မြောက်မွေးနေ့ပါ ။ နှစ်တိုင်းနှစ်တိုင်း မအားအားအောင်တော့ လုပ်တယ်။ ရက်ကိုလည်း ချန်ထားရတယ်။ ဒီနေ့ ပွဲဌားတာတောင် ရှိတယ် ။ ပွဲကိုတောင် လက်မခံရဘူး ။ မွေးနေ့တိုင်းတော့ ကြာဇံကြော် ကျွေးပြီး ဆန်ဝေတာ ဒါအစဉ်အလာ လုပ်ထားတာဖြစ်နေပြီ။ ၀မ်းသာရပါတယ် ။ ကိုယ့်မိဘကိုယ်လည်း ကန်တော့တယ်။ ဘုန်းကြီးကျောင်းလည်း လှူဖြစ်သလို၊ ဘုရားလည်းလှူရတယ် ။ လာသမျှ မိတ်ဆွေတွေလည်း ဆန်တစ်ပြည်စီ လှူဒါန်းရတဲ့အတွက်ကြောင့် ၀မ်းသာပါတယ်။ နှစ်တိုင်းတော့ လုပ်ဖြစ်တယ်။ လှူတာကတော့လှူဖြစ်ပါတယ်"  -  ဒိန်းဒေါင်
By  MyanmarCelebrity











 #MyanmarCelebrity #DaingDaung #Birthday

ပရိသတ်မုန်းမှာစိုးလို့ ဗီလိန်ကြီးပဲ သရုပ်ဆောင်ရမှာတော့ မရိုက်ချင်ဘူး - မေပန်းချီ

$
0
0

ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ဘလိုင်းကြီးသက်သက် ဗီလိန်ဇာတ်ရုပ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ပရိသတ်မုန်းမှာစိုးလို့ လက်ခံရိုက်ကူးဖြစ်မှာ မဟုတ်ပါဘူးလို့ သရုပ်ဆောင် မေပန်းချီ က MC သို့ပြောပါတယ်။


“ဘလိုင်းကြီး ဗီလိန်ကြီးကျတော့လည်း မရိုက်ချင်ဘူး။ ကိုရီးယားကားတွေက ဗီလိန်ကြတော့ အရမ်းမိုက်တယ်။ တစ်ချို့ဇာတ်ကားတွေဆိုရင်လည်း မင်းသမီးထက်တောင် မိုက်သေးတယ်။  အရမ်းလည်း အားကျတယ်။ မင်းသမီးထက်လည်း မိုက်တယ် ။ Actor ကြေးဆိုရင်လည်း ညီတူမျှတူရတယ်။ မြန်မာပြည်မှာကျတော့အဲ့လိုလည်း ရတာမဟုတ်ဘူး။  ပရိသတ်ကလည်း မုန်းဦးမယ်။ အိုက်တင် အရမ်းကောင်းသွားမယ်ဆိုရင်လည်း တစ်ချိန်လုံး ဗီလိန် ဆိုပြီးတော့ အစွဲကဖြစ်သွားရောပေါ့။ တစ်ချို့မလိုအပ်ပဲနဲ့ ဘလိုင်းကြီး ဗီလိန်လုပ်နေရတာတော့ ပန်းချီငြင်းလိုက်တယ်။ ဗီလိန်ကိုမှ ကာရိုက်တာအရ အချက်ကျကျရိုက်ရမယ် ဆိုရင်တော့ မငြင်းပါဘူး ။ အခုခေတ်ကြီးမှာ ပရိသတ်က ဗီလိန်ကာရိုက်တာကိုလည်း လက်ခံလာပါတယ် ။ ဒါတွေက အပြင်မှာလည်း တစ်ကယ်ရှိတယ်လေ။ အမြင်တွေလည်း ကျယ်လာပြီး အနုပညာကို အနုပညာလိုပဲ အခုနောက်ပိုင်းကြတော့ မြင်တတ်လာတယ်ပေါ့ ။ ပန်းချီ့ အနေနဲ့ ကိုယ့်အတွက်လည်း မကျန်သလို၊ ပရိသတ်အတွက်လည်း မကျန်တဲ့ ဘလိုင်းကြီး ဗီလိန် ကိုတော့ မရိုက်ချင်ပါဘူး။ တစ်ချို့ဇာတ်ကားတွေဆိုရင် ဗီလိန်လုပ်ပြီးတော့ ပရိသတ် ရင်ထဲကို စွဲပြီး ကျန်ခဲ့တာတွေလည်း အများကြီးရှိတယ်။ ကိုယ့်အတွက်   Actorကြေးလည်း အပြည့်အ၀ ရတာလည်းမဟုတ်ဘူး ။ ဒီတိုင်းကြီး ပရိသတ်ကလည်း မုန်းဦးမယ် ။ ဗီလိန်သာပြီးတယ် ၊ ဘာမှ မကျန်တဲ့ဇာတ်မျိုးတော့ မရိုက်ချင်ဘူး” -  မေပန်းချီ



 ရုပ်ရှင်ဇာတ်ကားတွေ ကမ်းလှမ်းတဲ့အခါ ရွေးချယ်ပိုင်ခွင့်တော့ ပန်းချီတို့မှာ အခွင့်အရေးတော့ သိပ်မရှိဘူးလို့ပြောပါတယ်။ ဗီဒီယိုဇာတ်ကားကလည်း နည်းလာပြီဖြစ်လို့ ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့မပြတ်အောင် ကြိုးစားနေရတယ်လို့ သိရပါတယ်။ 

“အခုချိန်မှာကြတော့ ဗီဒီယိုကလည်း နည်းနေတာလေ။ အရင်တုန်းကလိုမျိုး ကားရိုက်လည်း မစိပ်တော့ဘူး ။ အခွင့်ရေးလည်း အများကြီးမရဘူး ။ အနုပညာနဲ့ ပက်သက်လို့တော့ အကုန်ချစ်တဲ့အတွက်ကြောင့် အနုပညာနဲ့ ပက်သက်တဲ့ အလုပ်တွေ အကုန်လုံးလုပ်ချင်တယ်။ ပါရမယ့် ဇာတ်ဝင်ခန်း နည်းတယ်ဆိုပေမယ့်လည်း ကာရိုက်တာကောင်းရင်လည်း ရိုက်တယ်။ ဗီလိန် ၊ ဒရမ်မာ ၊ ဟာသ ဆိုရင်လည်း ရိုက်မှာပါပဲ ။ ရလာတဲ့ အခွင့်အရေးကိုတော့ အကောင်းဆုံးရိုက်မှာပါ။ ”
By MyanmarCelebrity





#MyanmarCelebrity #MayPanChi

အရိုးသားဆုံးနဲ့ ပွင့်ပွင့်လင်းလင်းပဲ နေထိုင်ပါတယ် - ဘေဘီမောင်

$
0
0

မလိမ်မညာတတ်ဘူး ၊ တည့်မေးရင်လည်း တည့်ဖြေတယ် ပရိသတ်အပေါ် အရိုးသားဆုံးနဲ့ ပွင့်ပွင့်လင်းလင်းပဲ နေထိုင်ပါတယ်လို့ သရုပ်ဆောင် ဘေဘီမောင် က MC သို့ပြောပါတယ်။



“မလိမ်မညာတတ်ဘူး၊ တည့်မေးရင်လည်း တည့်ဖြေတယ် ပရိသတ်အပေါ် အရိုးသားဆုံးနဲ့ ပွင့်ပွင့်လင်းလင်းပဲ နေထိုင်ပါတယ် ” - ဘေဘီမောင်
ရုပ်ရှင်ဇာတ်ကားတွေ ကမ်းလှမ်းတဲ့အဟာ ဟာသဇာတ်ကားတွေမှာ ပိုပြီးသရုပ်ဆောင်ဖြစ်ပါတယ်လို့ ပြောပါတယ်။ ကိုယ်ပါဝင်သရုပ်ဆောင်တဲ့အခါ ပထမ၊ ဒုတိယ ဆိုတဲ့ စိတ်မျိုးမထားပဲနဲ့ ကိုယ့်စီနီယာ အစ်မတွေ ပြောရင်လည်း ဘယ်လိုပြောပြော လက်ခံတဲ့စိတ်ထည့်ထားတယ်လို့ သူမကပြောပါတယ်။ “ ဘာပဲဖြစ်ဖြစ် ကိုယ်ကလည်း ဂျူနီယာအသစ်တစ်ယောက်လည်း ဖြစ်တယ်လေ။ ဒါပေမယ့် Levelချင်းတူတာမျိုးတွေ ၊ မနေ့တစ်နေ့ကမှ အနုပညာလောကထဲကို ၀င်လာပြီးတော့ ကြီးကြီးကျယ်ကျယ် ဆိုရင်တော့ မကြိုက်ဘူး ။ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ် ” လို့ သူမကပြောပါတယ်။
By MyanmarCelebrity







#MyanmarCelebrity #BabyMaung

ရွှေခေါက်ဆွဲ ကျွေးမွေးနေတဲ့ ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော် နှင့် မြူလင်းကိုကို

$
0
0

သရုပ်ဆောင် ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော် နှင့် မြူလင်းကိုကို တို့က ဒီဇင်ဘာလ (၂၈) ရက်နေ့က အလှူတစ်ခုမှာ ရွှေခေါက်ဆွဲ အော်ဒါအတွက် လာရောက်ကျွေးမွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။












#MyanmarCelebrity #ChitChitZaw #LinZarNiZaw #MuLinKoKo

"လရောင်ဖြာတဲ့ အင်းလေးမှာ"ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ

$
0
0

 "လရောင်ဖြာတဲ့ အင်းလေးမှာ"ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲ ကို ဒီဇင်ဘာလ (၃၀) ရက်နေ့ က ရန်ကုန်၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က ရိုက်ကူးထားတာဖြစ်ပြီး နေတိုး၊ ၀ါဇင်၊ မေသဉ္ဖာဦး၊ ၀တ်မှုန်ရွှေရည်၊ လူမုန်း တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကို ၀ါဝါ၀င်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၅) ရက်နေ့မှစပြီး ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အထူးပွဲပြသတဲ့နေ့ က သရုပ်ဆောင် ၀ါဝါ၀င်းရွှေရဲ့  အသက် (၇၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စာနယ်ဇင်းမိတ်ဆက်ပွဲ တတ်ရောက်လာတဲ့ အနုပညာရှင်များ ၊ ပရိသတ်များ နှင့်အတူ ကိတ်မုန့်လှီးခဲ့ပါတယ်။



Add caption




#MyanmarCelebrity #NyintMyanmarNyiNyiAung #NayToe #WarZin #LuMone #WarWarWinShwe #MayThinzarOo  #WuttHmoneShweYi

"Salute Fashion Shop"ဆိုင်ဖွင့်ပွဲ အနုပညာရှင်များ တတ်ရောက်ဖွင့်လှစ်

$
0
0

 Salute အမှတ်တံဆိပ်ပါ အ၀တ်အထည်များ ရောင်းချမည့် "Salute Fashion Shop"ဆိုင်ဖွင့်ပွဲ ကို ဒီဇင်ဘာလ (၃၀) ရက်နေ့က ရန်ကုန် ၊ လှည်းတန်းလမ်းမ၊ (၃)ရပ်ကွက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။


ဆိုင်ဖွင့်ပွဲအခမ်းအနားကို သရုပ်ဆောင် ထွန်းထွန်း ၊ ပိုင်တံခွန် ၊ ခိုင်သဇင်ငုဝါ  ၊ ဂျူးဂျူးကေ နှင့် အနုပညာရှင်များ တတ်ရောက် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။









 #MyanmarCelebrity #TunTun #PaingThaKon#LinAungKhit #JuJuKay #KhineThazinNguWar

ပရိသတ်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တဲ့ သရုပ်ဆောင် ထွန်းထွန်း

$
0
0

"Salute Fashion Shop"ဆိုင်ဖွင့်ပွဲကို ဒီဇင်ဘာလ (၃၀) ရက်က ဖွင့်လှစ်ခဲ့ပြီး သရုပ်ဆောင် ထွန်းထွန်း က တတ်ရောက်ခဲ့ကာ ပရိသတ်တွေနဲ့ တစ်ရင်းတစ်နှီး တွေ့ဆုံခဲ့ပါတယ်။







#MyanmarCelebrity #TunTun

ခိုင်သဇင်ငုဝါ ၊ ဂျူးဂျူးကေ နဲ့ နန်းထိပ်ထားစံ တို့ရဲ့ ဖက်ရှင်

$
0
0

ဒီဇင်ဘာလ (၃၀) ရက်နေ့က "Salute Fashion Shop"ဆိုင်ဖွင့်ပွဲကို တတ်ရောက်လာကြတဲ့ သရုပ်ဆောင် ၊ မော်ဒယ် ခိုင်သဇင်ငုဝါ ၊ ဂျူးဂျူးကေ နဲ့ နန်းထိပ်ထားစံ တို့ ရဲ့ ပွဲတတ်ဖက်ရှင်တွေကို  MyanmarCelebrity က ဖော်ပြလိုက်ရပါတယ်။ 












#MyanmarCelebrity #KhineThazinNuWah #JuJuKay #NanHtatHtarSan
Viewing all 13596 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>