Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all 13595 articles
Browse latest View live

Chattime Myanmar ရဲ့ Times City ဆိုင်ခွဲသစ် ဖွင့်ပွဲ အခမ်းအနား

$
0
0


Chattime Myanmar ရဲ့ Times City ဆိုင်ခွဲသစ် ဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ က ဆိုင်တည်ရှိရာ အမှတ် အေ (၄၉၉) ၊ ၄ လွှာ၊ Jewelry Mall၊ Times City၊ ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို အဆိုတော်/ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ နော်ဖောအယ်ထား နှင့် အခြား အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် ဖေဖော်ဝါရီလ (၃) ရက်နေ့အတွင်း အအေး တစ်ခွက် ဝယ်ယူတိုင်း ကို Pearl Milk Tea တစ်ခွက် လက်ဆောင် ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

By Myanmar Celebrity  #ChattimeMyanmar #ChattimeTimesCityBranch #MyanmarSinger #SaiSaiKhamLeng #NawPhawEhHtar










သိမ်းငှက်သုံးကောင် စိန်ရွှေရတနာဆိုင် (၂၂) နှစ်ပြည့် အထူးဈေးရောင်းပွဲတော်

$
0
0


GIA စိန်ထည်များနှင့် အရည်အသွေးပြည့်ဝတဲ့ စိန်ရွှေရတနာများကို ရောင်းချပေးနေတဲ့ အကောင်းဆုံး ရွှေကိုဆောင် ရွှေမှာဆို "သိမ်းငှက်သုံးကောင်"စိန်ရွှေရတနာဆိုင် ရဲ့ (၂၂) ပြည့် အထူးဈေးရောင်းပွဲ အခမ်းအနားကို ဒီကနေ့၊ ဖေဖော်ဝါရီလ (၁) ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ ညဈေးအနီး၊ ဘုရင့်နောင် လမ်းမကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီး သရုပ်ဆောင် ခင်ဝင့်ဝါ နှင့် တိုင်ရွန်တို့က တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပါတယ်။

အထူးဈေးရောင်းပွဲကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ဝယ်ယူအားပေး သူများအတွက် ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးသွားမှာဖြစ်ပြီး ဆိုင်ကယ် (၂၂) စီး၊ I Phone (၂၂) လုံး ကံထူးနိုင်မယ့် ကူပွန်များကိုလည်း ပေးအပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ 

By MyanmarCelebrity #3EaglesDiamonds #KhinWintWar #Tyron








အသက်တစ်နှစ်ကြီးလာလေ ချီချီ က ပိုလှလာလေ 💞🌶🥰😻

$
0
0


အသက် (၂၈) နှစ်ပြည့် မွေးနေ့မှာ စုစုပေါင်း ငွေကျပ် သိန်း (၅၅၀) ကျော် ကုန်ကျခံပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် / Beauty Blogger နေခြည်ဦး ရဲ့ ပုံရိပ်တွေပါ။

By Myanmar Celebrity #MyanmarActress #NayChiOo






City FM ရေဒီယို ရဲ့ (၁၈) နှစ်ပြည့် နှစ်ပတ်လည်ပွဲနှင့် ဂီတဆုပေးပွဲ အခမ်းအနား"

$
0
0


City FM ရေဒီယို ရဲ့ (၁၈) နှစ်ပြည့် နှစ်ပတ်လည်ပွဲနှင့် ဂီတဆုပေးပွဲ အခမ်းအနား ကို ဖေဖော်ဝါရီလ (၁) ရက်နေ့က ရန်ကုန်၊ မင်းဓမ္မလမ်းပေါ်မှာ ရှိတဲ့ MCC ခန်းမ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတီရီယို တေးစီးရီး သီဆိုသူ အမျိုးသားဆု ကို အဆိုတော် ဝေလ၊
၂၀၁၉ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတီရီယို တေးစီးရီး သီဆိုသူ အမျိုးသမီးဆု ကိုအဆိုတော် Jewel ၊
၂၀၁၉ ခုနှစ်အတွင်း ရောင်းအား အကောင်းဆုံး စတီရီယို တေးထုတ်လုပ်သူဆု ကို သရုပ်ဆောင်/အဆိုတော် ဇဏ်ခီ ၊
၂၀၁၉ ခုနှစ်အတွင်း တေးသီချင်း တောင်းဆိုခံရမှု အများဆုံး အမျိုးသား တေးသံရှင်ဆု ကို အဆိုတော် G Fatt ၊
၂၀၁၉ ခုနှစ်အတွင်း တေးသီချင်း တောင်းဆိုခံရမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆု ကို အဆိုတော် ဝိုင်းစုခိုင်သိန်း၊
၂၀၁၉ ခုနှစ်အတွင်း ပရိသတ်များကြား ရေပန်းအစားဆုံး လူသစ်အဆိုရှင်ဆု ကို Eternal Gosh အဖွဲ့ ၊
၂၀၁၉ ခုနှစ်အတွင်း ရောင်းအား အကောင်းဆုံး မြန်မာသံတေးစီးရီး သီဆိုသူဆုကို အဆိုတော် စိုးစန္ဒာထွန်း တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။

By Myanmar Celebrity #CityFM #CityFMAward #MyanmarSinger #WaiLa #Jewel #ZennKyi #GFatt #WyneSuKhaingThein #EternalGosh #SoeSandarTun
















ဒါရိုက်တာ ညိုမင်းလွင်နဲ့ "မြမြ"ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားတဲ့ အဖွဲ့သားတွေရဲ့ စတုဒီသာအလှူ

$
0
0



ဒါရိုက်တာ ညိုမင်းလွင်နဲ့ "မြမြ"ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားတဲ့ အဖွဲ့သားများက မြမြ အတွက် ရည်စူးပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က “မြမြ” ရုပ်ရှင် ရိုက်ကူးခဲ့တဲ့ တောင်ဒဂုံ၊ (၁၀၇) ရပ်ကွက်မှာ စတုဒီသာအလှူကို ပြုလုပ်ခဲ့ပါတယ်။

By Myanmar Celebrity #MyaMyaMovie #MyanmarDirector #NyoMinLwin #WinThapyayTun






"မြမြ"ရုပ်ရှင် အဖွဲ့သားတွေ အလှူလုပ်နေတဲ့ အချိန်မှာ ပြန်လာဝင်ပူးတဲ့ မြမြ

$
0
0


 မြမြ အတွက် ရည်စူးပြီး "မြမြ"ရုပ်ရှင် အဖွဲ့သားတွေ အလှူလုပ်နေတဲ့ အချိန်မှာ မခင်ဇာခြည်လွင် ကို တိုက်တိုက်ဆိုင်ဆိုင် မြမြ က ပြန်လာဝင်ပူးတဲ့ ပုံရိပ်များ။

By Myanmar Celebrity #MyaMyaMovie





Cozy Furniture ပစ္စည်းများနဲ့တွေ့ရတဲ့ မောင်မောင်အေး

$
0
0


Cozy Mattress & Furniture မှ ဇန်နဝါရီလ (၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၆) ရက်နေ့အထိ ဝယ်ယူသူများအတွက်
Cash Back Promotion အစီအစဉ် အဖြစ် ပထမဆု ၁၀၀% ငွေပြန်အမ်းပေးခြင်း၊ ဒုတိယဆု ၅၀% ငွေပြန်အမ်းပေးခြင်း နှင့် တတိယဆု ၂၅% ငွေပြန်အမ်းပေးခြင်း တို့ကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

Cash Back Promotion အစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင် All Pro 1 Global Home Centre ၊Capital Hyper Market ၊ All Ocean Center နဲ့ Cozy Showroom & MIFE Exhibition တွေမှာ ဝယ်ယူအားပေးနိုင်ပါတယ်။

City Mall ဆိုင်ခွဲမှာ ဝယ်ယူအားပေးသူတွေ အတွက် ဖေဖော်ဝါရီလ (၁၄) ရက် မှ (၁၆) ရက်နေ့ အတွင်း
All Mattress Item (10% off) + Pillow
Pillow (50% Off)
Bed Set, Duvet , Mattress Protector (10% off)
Sofa Bed (10% off) ပေးတဲ့ promotion တွေလည်း ရှိနေတယ်လို့သိရပါတယ်။

By Myanmar Celebrity #CozyMattressFurniture #MaungMaungAye







စိန်နန်းတော် စိန်ရွှေရတနာ နှစ်သစ်ကူး ဈေးရောင်းပွဲမှာ ပါဝင်ခဲ့တဲ့ ဖြိုးမြတ်အောင်၊ အက်စတာ

$
0
0


စိန်နန်းတော် Diamonds & Fine Jewelry ရဲ့ စိန်ရွှေရတနာ နှစ်သစ်ကူး ဈေးရောင်းပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ မော်လမြိုင်မြို့Ocean Supercenter မှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၂) ရက်နေ့မှာတော့ Myanmar Idol Season (3) & (4) Winners ဖြိုးမြတ်အောင် နှင့် အက်စတာတို့မှ မော်လမြိုင်မြို့က ပရိတ်သတ်များနဲ့ တွေ့ဆုံ အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုများ ပြုလုပ်ခဲ့ပြီး တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေပေးခဲ့ကြပါတယ်။

စိန်ရွှေရတနာ နှစ်သစ်ကူး ဈေးရောင်းပွဲကြီးမှာ (၃) သိန်း ဖိုး နှင့်အထက် ဝယ်ယူသူများအတွက် ဗလာမပါ ရွှေဆွဲသီး နှင့် ငွေသားကံစမ်းမဲ များ၊ ငွေကျပ် (၁၀) သိန်းဖိုး နှင့်အထက် ဝယ်ယူသူများအတွက် စိန်နန်းတော် VIP Member Card ထပ်ဆင့် လက်ဆောင်၊ သိန်း (၃၀) ဖိုးအထက် ဝယ်ယူသူများအတွက် ၁၆ ပဲရည် အခေါက်ရွှေအစစ်ဖြင့် ပြုလုပ်ထားတဲ့ Lucky ရွှေအန်ပေါင်းထုပ်များကို ပေးအပ်သွားမယ့် အပြင် နေ့စဉ် ပထမဆုံး လာရောက် အားပေးတဲ့ Customer အယောက် (၁၀၀) အတွက်
Cosmetic Bag Set လက်ဆောင်များလည်း ပေးအပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

By Myanmar Celebrity #SeinNanDaw #SeinNanDawDiamondsandFineJewelry #PhyoMyatAung #Esther












မော်လမြိုင်မြို့က ပရိတ်သတ်များနဲ့ တွေ့ဆုံခဲ့တဲ့ ဖြိုးမြတ်အောင် နဲ့ အက်စတာ 😻💞🥰

$
0
0


 စိန်နန်းတော် Diamonds & Fine Jewelry ရဲ့ စိန်ရွှေရတနာ နှစ်သစ်ကူး ဈေးရောင်းပွဲတော်ကြီးကို တက်ရောက်ခဲ့ အဆိုတော် ဖြိုးမြတ်အောင် နှင့် အက်စတာတို့ရဲ့ ပုံရိပ်များ။

By Myanmar Celebrity #SeinNanDaw #SeinNanDawDiamondsandFineJewelry #PhyoMyatAung #Esther






Myanmar Lucky Star Gems & Jewellery စိန်၊ ရွှေဖြူ ဆိုင်ရဲ့ ဆိုင်ခွဲသစ်ဖွင့်ပွဲ

$
0
0


အရည်အသွေးမြင့် စိန်ထည်များနှင့် လက်ဝတ်ရတနာ မျိုးစုံကို တစ်နေရာတည်းမှာ ဝယ်ယူရရှိနိုင်မယ့် Myanmar Lucky Star Gems & Jewellery စိန်၊ ရွှေဖြူ ဆိုင်ရဲ့ ဒုတိယမြောက် ဆိုင်ခွဲသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ (၂) ရက်နေ့က ရန်ကုန်မြို့၊ Time City, Jewelary Mall, Level(2) အမှတ် (အေ-၂၀၈) မှာ ပြုလုပ်ခဲ့ပြီး နာမည်ကျော် အနုပညာရှင်များစွာ တက်ရောက်ချီးမြှင့် ပေးခဲ့ကြပါတယ်။

ဖွင့်ပွဲ အထိမ်းအမှတ် အနေဖြင့် ဖေဖော်ဝါရီလ (၂) ရက်နေ့မှ (၉) ရက်နေ့အတွင်း လာရောက်ဝယ်ယူ အားပေးကြသူများအတွက် စိန်ထည်၊ ကျောက်ထည် ပစ္စည်း Design များအားလုံးကို 5% to 15% discount ဖြင့်ရောင်းချပေးသွားမယ်လို့သိရပါတယ်။

By Myanmar Celebrity #MyanmarLuckyStarGemsandJewellery #ShweEainSi #ShweZin #NyiNanda #Pwint #Suzi #NyanLinAung









ကိုရီးယားနိုင်ငံ တင်သွင်းဖြန့်ချီတဲ့ Missha အလှကုန်ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ

$
0
0


 သရုပ်ဆောင် နန္ဒာလှိုင် ကိုယ်တိုင် ကိုရီးယားနိုင်ငံမှ တင်သွင်းဖြန့်ချီတဲ့ Missha အလှကုန်ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ (၂ )ရက်နေ့က ရန်ကုနိမြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာပြုလုပ်ခဲ့ပြီး Myanmar Idol Season 4 ရဲ့ Top 11 Finalists တစ်ဦး ဖြစ်တဲ့ မူးလာက Missha အလှကုန်အားပေးသူ ပရိသတ်များ နဲ့ တွေ့ဆုံပြီး သီချင်းများနှင့် သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

By Myanmar Celebrity #MisshaMyanmar #NandarHlaing #Mooler







Samsung ရဲ့ Galaxy A Awesome Live with Blackpink ပွဲ

$
0
0




Samsung ရဲ့ Galaxy A Awesome Live with Blackpink ပွဲကိုဇန်နဝါရီလ (၁၄) ရက်နေ့က Indonesia နိုင်ငံ Jakarta မြို့ှိ Tennis Indoor Senayan ှာကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမ Samsung ရဲ့ Brand Ambassador များဖြစ်ကြတဲ့ G- Fatt နဲ့ပန်းရောင်ခြယ်တို့လည်းတက်ရောက်ခဲ့ပြီး Samsung Galaxy A51 နဲ့ A71 မော်ဒယ်သစ်စမတ်ဖုန်းများကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်။

ကိုရီးယားနိုင်ငံမ Blackpink အဖွဲ့မပရိသတ်များနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး Blackpink ကိုယ်တိုင်အကဲဖြတ်ပေးရတဲ့ Blackpink Cover Dance ပြိုင်ပွဲမှာအဖွဲ့ပေါင်း () ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးမြန်မာနိုင်ငံမှသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Team S အဖွဲ့က Awesome Teamwork ဆုကိုရရှိခဲ့ပါတယ်။

By Myanmar Celebrity #GalaxyA #GalaxyAwithBlackpink #GalaxyA51 #GalaxyA71

#AwesomeLive









စိန်နန်းတော် ရဲ့ လက်ဝတ်ရတနာတွေနဲ့ လှနေတဲ့ အက်စတာ

$
0
0


စိန်နန်းတော်ရဲ့ဒီဇိုင်းဆန်းသစ်တဲ့လက်ဝတ်ရတနာတွေနဲ့ှနေတဲ့အက်စတာ 😻💞🥰

စိန်နန်းတော် Diamonds & Fine Jewelry ရဲ့စိန်ရွှေရတနာှစ်သစ်ကူးဈေးရောင်းပွဲတော်ကြီးကိုတက်ရောက်ခဲ့အဆိုတော်အက်စတာရဲ့ပုံရိပ်များ။







"အေးချမ်းအောင်မြင်"အုတ်ခွက်ဘုရား ကို ပင့်ဆောင်ပူဇော်ခဲ့တဲ့ အိမ့်ချစ် နဲ့ Junior ချစ်ကောင်း

$
0
0


အဆိုတော်အိမ့်ချစ်ှင့်မောင်လေး Junior ချစ်ကောင်းတို့ကဗုဒ္ဓဂါယာမဆုတောင်းပြည့်"အေးချမ်းအောင်မြင်"အုတ်ခွက်ဘုရားကိုှိုင်မြို့နယ်၊မြကန်သာ () လမ်းနေအိမ်တွင်ဇန်နဝါရီလ (၂၀) ရက်နေ့မ (၂၂) ရက်နေ့အထိ (၂၃) ကြိမ်မြောက်ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။





29 ရတနာဆိုင်ရဲ့ အထူးဈေးရောင်းပွဲကို တက်ရောက်လာတဲ့ အိုင်းရင်းဇင်မာမြင့်

$
0
0




 29 ရတနာဆိုင်ရဲ့ () ဦးဝယ် () ဦးရဝုန်းဝုန်းထကား ( ) စီးကံထူးကြစိန်ရွှေရတနာအထူးဈေးရောင်းပွဲကိုဇန်နဝါရီလ (၂၃ ) ရက်နေ့မ (၂၆) ရက်နေ့အထိမြိတ်မြို့၊ Myeit Shoppingmall ှာပြုလုပ်နေတာဖြစ်ပြီးဇန်နဝါရီလ (၂၄) ရက်နေ့မှာတော့နိုင်ငံကျော်အဆိုတော်အိုင်ရင်းဇင်မာမြင့်ကလည်းပရိတ်သတ်များနဲ့လာရောက်တွေ့ဆုံကာဂိမ်းအစီအစဉ်များ၊သီချင်းများနဲ့ဖျော်ဖြေတင်ဆက်ပေးခဲ့ပါတယ်။












"ပလေယာ" (Players) ရုပ်ရှင်ဇာတ်ကား Red Carpet Show

$
0
0


Bo Bo Film Production မှထုတ်လုပ်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ "ပလေယာ" (Players) ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ဖေဖော်ဝါရီလ (၃)ရက်နေ့က ရန်ကုန်၊ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
သရုပ်ဆောင် မြင့်မြတ်၊ ထွန်းထွန်း၊ စိုးမြတ်သူဇာ၊ အိချောပို နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပလေယာ" (Players) ရုပ်ရှင်ဇာတ်ကား ကို ဖေဖော်ဝါရီလ (၆) ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

By Myanmar Celebrity #Players #MyintMyat #TunTun #SoeMyatThuzar #EiChawPo










29 ရတနာဆိုင် ရဲ့ စိန်ရွှေရတနာ အထူးဈေးရောင်းပွဲ

$
0
0


29 ရတနာဆိုင် ရဲ့ "တစ်ဦး ဝယ် နှစ်ဦး ရ ဝုန်းဝုန်းထ ကား ၆ စီး ကံထူးကြ"စိန်ရွှေရတနာ အထူးဈေးရောင်းပွဲကို့ ဖေဖော်ဝါရီလ(၂)ရက်နေ့မှ (၅)ရက်နေ့ အထိ ပုသိမ်မြို့ Ocean Center မှာ ကျင်းပ လျက်ရှိပါတယ်။

Myanmar Idol အဆိုရှင် မူးလာ က 29 ရတနာဆိုင် ရဲ့ ပုသိမ်မြို့ စိန်ရွှေရတနာ အထူးဈေးရောင်းပွဲတော်မှာ ဒီကနေ့ ဖေဖော်ဝါရီလ(၃) ရက်နေ့က ပါဝင်ဆင်နွှဲခဲ့ပြီး၊ ပရိသတ်တွေ နဲ့ ဂိမ်း အတူတူ ဆော့ခဲ့တဲ့ အပြင် သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ပေးခဲ့ပါတယ်။

စိန်ထည်များ ပြန်လဲလျှင် လုံး၀ မရှုံးတာ 29 ရတနာ ရဲ့ အထူး ဈေးရောင်းပွဲတော်ကို ဟသာင်္တ မြို့မှာလည်း ဖေဖော်ဝါရီလ(၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ အဆိုတော်ဖြိုးမြတ်အောင် နှင့်အတူ ဆက်လက် ကျင်းပ သွားမယ်လို့ သိရပါတယ်။


By Myanmar Celebrity #Mooler #29Jewelery #29Gold #29Diamond













နေတိုး နှင့် We Love Nay Toe အဖွဲ့ဝင်များရဲ့ (၈) နှစ်ပြည့် အမှတ်တရ အလှူ

$
0
0


We Love Nay Toe အဖွဲ့ ရဲ့ (၈) နှစ်ပြည့် အမှတ်တရ အဖြစ် သရုပ်ဆောင်နေတိုး နှင့် အဖွဲ့ဝင်များ စုပေါင်းပြီး ရန်ကုန်၊ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှာ တစ်ရက်တာ အလှူဒါန၊ စားသောက်ကုန်ပစ္စည်းများ နဲ့ ငွေကျပ် ငါးသိန်း ကို လှူဒါန်းခဲ့ပါတယ်။

By Myanmar Celebrity #MyanmarActor #NayToe






ပရိသတ်တွေ နဲ့အတူ အလှူအတန်း ပြုလုပ်ခဲ့တဲ့ Esther

$
0
0


Myanmar Idol Season (4) Winner ဖြစ်သူ Esther က ဖေဖော်ဝါရီလ (၄) ရက်နေ့က သူမရဲ့ ပရိသတ်တွေဖြစ်တဲ့ White Nubes နဲ့အတူ ရန်ကုန်၊ လှည်းတန်းဈေးမှာ ခွဲစိတ်ခန်းသုံး Face Mask များကို ဝေပေးခဲ့တဲ့ အပြင် ကြည့်မြင်တိုင်အရိုးဆေးရုံမှာလည်း လူအယောက် (၂၀၀) စာ တန်ဖိုးသင့် နေ့လည်စာကို လှူဒါန်းခဲ့ပါတယ်။

By Myanmar Celebrity #MyanmarSinger #Esther






'အချစ်ဖြင့်လွမ်းစေ ''ရုပ်ရှင်ဇာတ်ကား အထူးပွဲ

$
0
0


ဒါရိုက်တာ နေသန်မောင် ရိုက်ကူးထားပြီး သရုပ်ဆောင် ဒေါင်း ၊ ပိုင်ဖြိုးသု၊ အိန်ဂျယ်လမုန် နဲ့ အခြား အနုပညာရှင်များစွာ ပါဝင်ထားတဲ့ ''အချစ်ဖြင့်လွမ်းစေ ''ရုပ်ရှင်ဇာတ်ကား အထူးပွဲ ကို ဖေဖော်ဝါရီလ (၄) ရက်နေ့က ရန်ကုန်၊ Times City ရှိ Mega Ace - Royal Class Cinema မှာပြုလုပ် ခဲ့ ပါ တယ်။

By Myanmar Celebrity #MyanmarActor #Daung #PaingPhyoeThu #AngelLamung #LongingWithLove







Viewing all 13595 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>