↧
“SCOTCH Myanmar” မှ Brand Ambassador ခန့်အပ်ခြင်း ခံလိုက်ရတဲ့ နေတိုး
↧
အဓမ္မပြုကျင့်မှု အပါအ၀င် အမှု (၃) ခုဖြင့် တရားစွဲ ခံထားရတဲ့ အစ္စဏီ ရဲ့ ရုံးချိန်း
အဓမ္မပြုကျင့်မှု၊ နာကျင်စေမှု အပါအ၀င် အမှု (၃) ခုဖြင့် တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီ အာ့း ဇွန်လ (၇) ရက်နေ့က ရန်ကုန်၊ တာမွေမြို့နယ် တရားရုံးမှာ ထပ်မံရုံးထုတ် ခဲ့ပါတယ်။ ဒီကနေ့မှာ သက်သေတစ်ယောက်ကို စစ်ဆေးခဲ့တယ် လို့ သိရပါတယ်။ "အမှန်တရားကတော့ တစ်နေ့ ပေါ်လာမှာပါ။ တရားကို နတ်စောင့်တယ်.. အမှန်တရား ပေါ်မယ်၊ အဲဒါကို ယုံကြည်ထားတယ်"လို့ အစ္စဏီ ရဲ့ မိခင်က ပြောခဲ့ပါတယ်။
By - MyanmarCelebrity
#MyanmarCelebrity #Issani #MyanmarSinger #SueShaHtet
↧
↧
တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိခဲ့သူ(The Whole Burma First) ကျော်လင်းသန်း
အမှတ်ပေါင်း (၅၅၅) မှတ်ဖြင့် မြန်မာ တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိခဲ့သူ မောင်ကျော်လင်းသန်း ဟာ ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ သိပ္ပံဘာသာတွဲဖြင့် အလုံမြို့ နယ်၊ အ.ထ.က (၄) ကျောင်းမှ အောင်မြင်ခဲ့ပါတယ်။ (၈) တန်း မှ (၁၀) တန်း အထိ လူရည်ချွန်ဆု (၃) နှစ် ဆက်တိုက် ရရှိခဲ့တဲ့ သုံးထပ်ကွမ်း လူရည်ချွန် တစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
By - MyanmarCelebrity
#KyawLinThan
#MyanmarCelebrity #TheWholeBurmaFirst2018 #MatriculationResult
↧
“FOCUS Beauty” ရဲ့ Agent များအား ဒုတိယအကြိမ်မြောက် ဂုဏ်ပြုပွဲ
↧
“စိန်နန်းတော်” မှ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ပဲခူး စိန်ရွှေရတနာ အထူး ဈေးရောင်းပွဲ
“စိန်နန်းတော်” Diamonds & Fine Jewellery မှ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ပဲခူး စိန်ရွှေရတနာ အထူး ဈေးရောင်းပွဲတော်ကို ဇွန်လ (၇) ရက်နေ့က ပဲခူးမြို့ ရှိ ICON Shopping Center မှာ ပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင် သက်မွန်မြင့် မှ ပရိသတ်များကို အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
ဈေးရောင်းပွဲကို (၄) ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပြီး (၃) သိန်းကျပ်ဖိုး နှင့် အထက် ဝယ်ယူပါက ရွှေဆွဲသီး အပြင် စိန်ထည် ဒီဇိုင်းများကို 5% to 30% Off Discount ဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
By - MyanmarCelebrity
#ThetMonMyint
#MyanmarCelebrity #MyanmarActress
↧
↧
All D ဖြင့် အောင်မြင်ခဲ့တဲ့ ဂစ်တာ နိုင်ဇော် ရဲ့ သမီးလေး မိုးဖြူစင်ဇော်
“သမီးလေး အခုလို ထူးထူးချွန်ချွန် အောင်မြင်ခဲ့တဲ့ အတွက် ဂုဏ်ယူပြီး မျက်ရည်ကျမိတယ်။ ဆရာဝန် မရှိတဲ့ မိသားစု မို့ သမီးကို ဆေးကျောင်း တက်စေချင်ပေမယ့် သမီးလေးက စာသင်ပေးရတာ သဘောကျတယ်။ မိဘတွေရဲ့ ဆန္ဒနဲ့ သူ့ ၀ါသနာလည်း ထပ်တူကျအောင် ဆေးကျောင်းမှာ စာသင်တဲ့ သင်ကြားရေး ဆရာမ လုပ်ဖို့တော့ ဆုံးဖြတ်ထားတယ်။ သမီးကို အများအကျိုးဆောင်ရွက်နိုင်တဲ့ သူတစ်ယောက် ဖြစ်စေချင်တယ်” လို့ MC ကို ပြောပါတယ်။
By - MyanmarCelebrity
#MyanmarCelebrity #NaingZaw #MatriculationResult
↧
ရွှေနန်းတော် ရဲ့ GRACE Collection နဲ့ လှနေတဲ့ အူဝဲ၊ ဖူး
“ရွှေနန်းတော်” စိန်ရွှေရတနာဆိုင် ရဲ့ Wedding Showcase 2019 အခမ်းအနားကို ဇွန်လ (၈) ရက်နေ့က ရန်ကုန်၊ Novotel Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင် အိန္ဒြာကျော်ဇင် နှင့် မေတိုးခိုင် တို့ တူဝရီး နှစ်ယောက်က ချစ်တဲ့ ပရိသတ်များကို အမှတ်တရ လက်မှတ် ရေးထိုးပေးခဲ့ပါတယ်။
By - MyanmarCelebrity
#MayToeKhine
#EaindraKyawZin
#MyanmarCelebrity #ShweNanTaw #MyanmarActress
↧
“ရိုးမြေကျ မင်းနဲ့အတူ” Marry Wedding Day 2019 ဖက်ရှင်ပြပွဲ
“ရိုးမြေကျ မင်းနဲ့အတူ” Marry Wedding Day 2019 ဖက်ရှင်ပြပွဲကို ဇွန်လ (၈) ရက်နေ့က ရန်ကုန်၊ Novotel Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ Retro နဲ့ ယနေ့ခေတ် ဖက်ရှင် ဒီဇိုင်းတွေကို ပေါင်းစပ်ထားတဲ့ မင်္ဂလာဝတ်စုံ ဖက်ရှင်များကို ၀တ်ဆင် ပြသခဲ့ပါတယ်။ သရုပ်ဆောင် သက်မွန်မြင့်၊ ချစ်သုဝေ၊ မိုးပြည့်ပြည့်မောင်၊ ခင်လေးနွယ် တို့က တက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။
By - MyanmarCelebrity
#PhueSone
#NanThuzar
#ZunThanSin
#MayBaraniThaw
#ThetMonMyint
#KinLayNwe
#MyanmarCelebrity #MyanmarActress #MyanmarModel
↧
တက္ကသိုလ်ဝင်တန်း ဒုတိယအကြိမ် ဖြေဆိုမှုမှာ အောင်မြင်ခဲ့တဲ့ ❤️အိန္ဒြာမိုးမြင့်❤️
↧
↧
မြန်မာစာ ဂုဏ်ထူးပါလို့ ဂုဏ်ယူနေတဲ့ မေသက်ထားဆွေ
အဆိုတော် မေသက်ထားဆွေ က ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြန်မာစာ နဲ့ ဇီဝဗေဒ (၂) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်။ သူမက အောင်စာရင်း မထွက်ခင် အချိန်လေးမှာ (၆) ဘာသာ ဂုဏ်ထူးနဲ့ ကျေးဇူးဆပ်နိုင်ရပါလို၏ လို့ ဆုတောင်းခဲ့ပေမယ့် (၂) ဘာသာနဲ့ပဲ ကျေးဇူးဆပ်နိုင်ခဲ့တယ်။ “မြန်မာစာ ဂုဏ်ထူးပါတဲ့ အတွက် အရမ်း ဂုဏ်ယူတယ်” လို့ MC ကို ပြောပါတယ်။
By - MyanmarCelebrity
#MayThetHtarSwe
#MyanmarCelebrity #MyanmarSinger #MatriculationResult
↧
တေးရေး အယ်ရာ ရေးသားထားတဲ့ သီချင်းသစ် တစ်ပုဒ်ကို အသံသွင်းနေတဲ့ ဖြိုးမြတ်အောင်
↧
“REVLON” မှ အသစ်ထွက်တဲ့ Photo Ready Candid Makeup Line စာနယ်ဇင်း မိတ်ဆက်
“REVLON Myanmar” မှ အသစ်ထွက်ရှိလာတဲ့ Photo Ready Candid Makeup Line အလှကုန် ပစ္စည်းအသစ်များ စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇွန်လ (၈) ရက်နေ့က ရန်ကုန်၊ Pan Pacific Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ပစ္စည်းသစ်များ စတင်မိတ်ဆက်ခြင်း ပရိုမိုးရှင်း နှင့် ဖျော်ဖြေပွဲကိုတော့ ရန်ကုန်၊ Junction City မှာ တစ်ရက်တည်း ကျင်းပခဲ့ပါတယ်။
အဆိုတော် X Box က ပါဝင် ဖျော်ဖြေပေးခဲ့ပြီး၊ သရုပ်ဆောင် အိန္ဒြာကျော်ဇင် နှင့် ပိုင်ဖြိုးသု တို့က အလှအပရေးရာများ ပါဝင် ဆွေးနွေးခဲ့ပါတယ်။
By - MyanmarCelebrity
#BabyMaung
#PoeKyarPhyuKhin #SharHtutEaindra
#PaingPhyoeThu
#XBox
#KyawHtetAung
#EaindraKyawZin
#MyanmarCelebrity #REVLONMyanmar #REVLONCandid
↧
“The THEIA” Haute Couture & Fashion Design School ရဲ့ 10th Year Anniversary
“The THEIA” Haute Couture & Fashion Design School ရဲ့ 10th Year Anniversary ပွဲကို ဇွန်လ (၉) ရက်နေ့က သံသုမာလမ်း၊ သုဝဏ္ဏမြို့ နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
သရုပ်ဆောင် မျိုးစန္ဒီကျော်၊ ခရစ္စတီးနား၊ မေဘရဏီသော်၊ ဆောင်းယွန်းစံ နှင့် အဆိုတော် ၀ိုင်းလေး တို့က တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
By - MyanmarCelebrity
#MayBaraniThaw
#MyoSandyKyaw
#SaungYoonSan
#WyneLay
#Christina
#MyanmarCelebrity #MyanmarActress #MyanmarSinger #MyanmarModel
↧
↧
ဟိန်းဝေယံ၊ မိုင်လေး ပါဝင်ထားတဲ့ “ချစ်ခြင်းအလင်္ကာ” ဗီဒီယိုကား စာနယ်ဇင်း မိတ်ဆက်
ဒါရိုက်တာ ဇော်မျိုး (ခရေပုံပြင်) ပုံဖော်ရိုက်ကူးထားတဲ့ “ချစ်ခြင်းအလင်္ကာ” ဗီဒီယိုဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇွန်လ (၉) ရက်နေ့က ရန်ကုန်၊ Happy World ကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားကြတဲ့ ဟိန်းဝေယံ နှင့် ရတနာမိုင် တို့က ပရိသတ်နှင့် တွေ့ဆုံ အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
By - MyanmarCelebrity
#YadanarMy
#HeinnWaiYan
#MyanmarCelebrity #MyanmarActor #MyanmarActress
↧
Asia Model Star Award 2019 ဆု ရရှိခဲ့တဲ့ 💖ဟန်တီ💖
ဇွန်လ (၉) ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ Seoul မြို့ ရှိ Olympic Hall တွင် ကျင်းပခဲ့တဲ့ “Asia Model Award” ဆုပေးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ အလှမယ် ဟန်တီ က “Asia Model Star Award 2019” ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
"နိုင်ငံတကာ က လာတဲ့ မော်ဒယ်တွေ အများကြီးထဲမှာ ကိုယ် တစ်ယောက်ထဲ Korea လို ကျေးဇူးတင်စကားပြောတော့ သူတို့ အရမ်း အံ့သြနေကြတယ်။ မြန်မာဆိုတဲ့ ခေါင်းစဉ်အနေနဲ့ ရတာမို့ အရမ်း ဂုဏ်ယူတယ်"လို့ အလှမယ် ဟန်တီ က MC ကို ပြောပါတယ်။
By - MyanmarCelebrity
#MyanmarCelebrity#MyanmarModel #AsiaModelAward #AsiaModelAwards2019
↧
(၂) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တဲ့ ဦးဝင်းမြိုင် ရဲ့ တူမလေး အိပြည့်ပြည့်မောင်
သရုပ်ဆောင် ဦးဝင်းမြိုင် ရဲ့ တူမလေး အိပြည့်ပြည့်မောင် က ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရူပဗေဒ နှင့် ဇီဝဗေဒ (၂) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်။
“စာတော်တဲ့ တူမလေးကို ပညာရေးမှာ ထွန်းထွန်းပေါက်ပေါက် ဖြစ်စေချင်တယ်။ သူကတော့ စီးပွားရေးမှာ ၀ါသနာပါတယ်။ သူဖြစ်ချင်တဲ့ အရာကို ပံ့ပိုးသွားမှာပါ” လို့ ဦးဝင်းမြိုင် က MC ကို ပြောပါတယ်။
By - MyanmarCelebrity
#UWinMyaing #EiPyaePyaeMaung
#MyanmarCelebrity #MyanmarActor #MatriculationResult
↧
The Voice Myanmar မှာ သီချင်းနဲ့ ပေါက်ကွဲခဲ့တဲ့ အဆိုတော် ကော်နီ
↧
↧
MytelPay မိတ်ဆက်ပွဲ ကို တက်ရောက်လာတဲ့ နေတိုး၊ ချစ်သက်၊ အလင်းရောင်၊ ညိမ်းသော်
MytelPay မိတ်ဆက်ပွဲ ကို ဇွန်လ (၉) ရက်နေ့က ရန်ကုန်၊ Melia Hotel မှာ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တက်ရောက်ခဲ့ပါတယ်။
Mytel ရဲ့ Brand Ambassador သရုပ်ဆောင် နေတိုး နဲ့အတူ သက်မွန်မြင့်၊ ညိမ်းသော်၊ အလင်းရောင် တို့ကလည်း တက်ရောက်ခဲ့ကြပါတယ်။
By - Myanmar Celebrity
#NayToe #ALinnYaung #NyeinThaw #ThetMonMyint
↧
“နှစ်ပတ်အလို” လုံးချင်း ၀တ္ထုသစ် စာနယ်ဇင်း မိတ်ဆက်ပွဲ
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကိုယ်တိုင် ရေးသားထားတဲ့ “နှစ်ပတ်အလို” လုံးချင်းဝတ္ထုသစ် စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇွန်လ (၈) ရက်နေ့က ရန်ကုန်၊ Central Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင် ဇင်ဝိုင်း၊ နေမျိုးအောင်၊ မင်းမော်ကွန်း၊ ပြေတီဦး၊ ခင်သဇင် နှင့် အခြား အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
By - MyanmarCelebrity
#NayMyoAung
#ZinWyne
#MinMawKun
#MyanmarCelebrity #MyanmarActor #PyayTiOo
↧
ဝိုင်းစု နဲ့ မေလသံစဉ် တို့ တက်ရောက်ခဲ့တဲ့ Vivo Latha Grand Opening
↧