Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all 13530 articles
Browse latest View live

ဟန်ထူးဈာန် ရဲ့ “Celebrity” တေးစီးရီး စာနယ်ဇင်း မိတ်ဆက်

$
0
0

အိပ်မက်ဆုံရာ Season (4) မှ အဆိုတော် ဟန်ထူးဈာန် ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ “Celebrity” Audio CD စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၅) ရက်နေ့က ရန်ကုန်၊ Orchid Hotel တွင် ပြုလုပ်ခဲ့ပါတယ်။ အခွေပရိုမိုးရှင်း (Promotion) ပွဲကိုတော့ လာမယ့် ဇူလိုင်လ (၃၀) ရက်နေ့တွင် ရန်ကုန်၊ လှည်းတန်း စင်တာမှာ ကျင်းပမယ်လို့ သိရပါတယ်။


“ဒီအခွေထဲမှာ ကျွန်တော် ရေးထားတဲ့ သီချင်း (၃) ပုဒ် အပါအ၀င် စုစုပေါင်း သီချင်း (၁၁) ပုဒ် ပါဝင် ပါတယ်။ ကျွန်တော်က အိမ်မက်ဆုံရာကနေ ဂီတမျိုးစုံဆိုပြီး အဆိုတော်ဖြစ်လာတော့ ပရိတ်သတ်တွေက ဂီတမျိုးစုံ ဆိုတာကို ကြားချင်တယ်လို့ ပြောကြတယ်။ အဲဒါကြောင့် “Celebrity” အခွေထဲမှာ ဂီတမျိုးစုံ ထည့်ထားပါတယ်” လို့ အဆိုတော် ဟန်ထူးဈာန် မှ Myanmar Celebrity သို့ ပြောခဲ့ပါတယ်။










"Eain Mat Sone Yar" Season (4) Singer, Han Htoo Zan introduced her first solo music album, titled "Celebrity", to media on July 25, 2017 at the Orchid Hotel in Yangon. #HanHtooZan

သြဂုတ်လမှာ ရုံတင်မယ့် “ရာဇ၀င်ရိုင်းသူများ” ရုပ်ရှင်ဇာတ်ကား အထူးပွဲ

$
0
0

သြဂုတ်လတွင် စတင် ရုံတင်ပြသတော့မယ့် “ရာဇ၀င်ရိုင်းသူများ” ရုပ်ရှင် ဇာတ်ကား အထူးပွဲ ပြသခြင်းကို ဇူလိုင်လ (၂၃) ရက်နေ့က ရန်ကုန်၊ သမ္မတ ရုပ်ရှင်ရုံတွင် ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) မှ ရိုက်ကူး ပုံဖော်ထားတာဖြစ်ပြီး၊ ပြေတီဦး၊ မြင့်မြတ်၊ လိုင်လာခမ်း၊ ပတ်ထရစ်ရှာ နှင့် အခြား အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။














The press screening of "Yar Za Won Yaing Thu Myar" film was held at the President cinema in Yangon on July 23, 2017. #PyayTiOo #Patricia

အောင်လေး ပါဝင်ထားတဲ့ "တစ်ခုလပ်"ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်း

$
0
0

ဇူလိုင်လ (၂၀) ရက်နေ့က ရန်ကုန်၊ တောင်ဥက္ကာလာ၊ ပဒေသာ မှာ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူး ပုံဖော်နေတဲ့ "တစ်ခုလပ်"ရုပ်ရှင် ဇာတ်ကား ရိုက်ကွင်း ပုံရိပ်တွေပါ။ ဒီဇာတ်ကားမှာ အောင်လေး၊ မျိုးသန္တာထွန်း၊ ခင်ဇာခြည်ကျော်၊ လင်းဇာနည်ဇော်၊ နှင့် အခြား သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင် နေကြပါတယ်။












Aung Lay, Myo Thandar Tun, Khin Zar Kyi Kyaw and Linn Zar Ni Zaw star in "Ta Khu Latt" movie by director Nyunt Myanmar Nyi Nyi Aung. #AungLay #MyoThandarTun #LinnZarNiZaw

သီချင်း (၂) ပုဒ်ကို အွန်လိုင်းကနေ တင်ပေးသွားမယ် ဆိုတဲ့ X-Box

$
0
0

အဆိုတော် X-Box ရဲ့ ရှေ့ဆက် လုပ်ဆောင်သွားမယ့် အနုပညာ လှုပ်ရှားမှုများနှင့် ပတ်သတ်တဲ့ အကြောင်းအရာများအား စာနယ်ဇင်းသို့ အသိပေး မိတ်ဆက်ပွဲကို ဇူလိုင်လ (၂၄) ရက်နေ့က ရန်ကုန်၊ YST Entertainment (Studio) မှာ ပြုလုပ်ခဲ့ပါတယ်။


“၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ကျွန်တော့်ရဲ့ ဒုတိယအခွေ ထွက်မှာပါ။ အခွေမထွက်ခင် ဇူလိုင်လထဲမှာ “ရွတ်” သီချင်းနှင့် “အပြင်လည် လျှောက်မသွားနဲ့” Music Video သီချင်းအသစ် နှစ်ပုဒ်ကို အွန်လိုင်းကနေ တင်ပေးသွားဖို့ ရှိပါတယ်။ သီချင်း နှစ်ပုဒ်လုံးကို ပုံစံမတူအောင် ကြိုးစားထားပါတယ်။ သရုပ်ဆောင် အလုပ်ကို ဒုတိယအခွေ ထွက်ပြီးတော့မှ လုပ်ဖြစ်မှာပါ။ အခုတော့ သီချင်းတွေပဲပြီး အောင်လုပ်နေပါတယ်” လို့ အဆိုတော် X-Box က သူ့ရဲ့ လက်တလော အနုပညာလှုပ်ရှားမှုများကို ပြောခဲ့ပါတယ်။








Myanmar Celebrity Update: Well-known Hip Hop Singer, X-Box says he will release two new music videos on online. #XBox

သက်ကြီး လူရွှင်တော်ကြီးများအား ကူညီ ထောက်ပံ့ရေး ရန်ပုံငွေကပွဲ

$
0
0

သက်ကြီး လူရွှင်တော်ကြီးများအား ကူညီ ထောက်ပံ့ရေး ရန်ပုံငွေကပွဲ (ဒုတိယ အကြမ်) ကို ဇူလိုင်လ (၂၃) ရက်နေ့က ရန်ကုန်၊ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ နာမည်ရ လူရွှင်တော်များ နှင့် အနုပညာရှင်များ ပါဝင် ဖျော်ဖြေ ကပြခဲ့ကြပါတယ်။

















The Fundraising Comedy Concert for supporting elderly senior comedians was staged at the National Theater in Yangon on July 23, 2017. #MyanmarComedian

“ရာဇ၀င် ရိုင်းသူများ"ရုပ်ရှင် ဒုတိယအကြိမ် အထူးပြပွဲ မှ အနုပညာရှင်များ

$
0
0

သြဂုတ်လတွင် စတင် ရုံတင် ပြသတော့မယ့် “ရာဇ၀င် ရိုင်းသူများ"ရုပ်ရှင်ဇာက်ကား ဒုတိယအကြိမ် အထူးပြပွဲကို ဇူလိုင်လ (၂၉) ရက်နေ့က ရန်ကုန်၊ မင်္ဂလာ ရုပ်ရှင်ရုံ (Mingalar Cineplex) တွင် ကျင်းပခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) မှ ရိုက်ကူး ပုံဖော်ထားတာဖြစ်ပြီး၊ ပြေတီဦး၊ မြင့်မြတ်၊ လိုင်လာခမ်း၊ ပတ်ထရစ်ရှာ နှင့် အခြား အနုပညာရှင်များစွာက ပါဝင် သရုပ်ဆောင် ထားကြပါတယ်။









The Press screen of "Devil Avenger" movie was held at the Mingalar Cineplex in Yangon on July 29, 2017. #PyayTiOo #Patricia

ပြိုကျ ပျက်စီးသွားသော စေတီ အတွက် အနုပညာရှင်များ ရဲ့ အလှူ ခရီးစဉ်

$
0
0

ဘောဂသိဒ္ဓိ ကုမ္မဏီ၊ Myanmar Media 7 နှင့် အနုပညာရှင်များ ပူးပေါင်းပြီး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝအုပ်စု အနောက်သီရိကြီး ကျေးရွာမှ ရေဘေး အန္တရာယ်ကြောင့် ကမ်းပါးပြို၍ ပျက်စီးသွားသော “သီရိရတနာပြည် လုံးချမ်းသာ"စေတီတော်မြတ်ကြီး နှင့် ပျက်စီးသွားသော အိမ်ခြေများအတွက် အလှူငွေ နှင့် အလှူ ပစ္စည်းများကို ဇူလိုင်လ (၃၀) ရက်နေ့က သွားရောက် လှူဒါန်းခဲ့ပါတယ်။










Myanmar Artists and Media 7 visited a village in Pakokku, Magway Region of Myanmar, on July 30 2017 for giving supports and donations to flood victims. #MyanmarCelebrity #Bagan

ပုဂံ ရှေးဟောင်းမြို့တော်ရှိ အာနန္ဒာ ဘုရားရောက် ခင်ဝင့်ဝါ နှင့် ၀ိုင်းလေး

$
0
0

ဇူလိုင်လ (၃၀) ရက်နေ့က ပုဂံ ရှေးဟောင်းမြို့တော်ရှိ အာနန္ဒာ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့ကြတဲ့ မော်ဒယ် နှင့် သရုပ်ဆောင် ခင်ဝင့်ဝါ နှင့် ၀ိုင်းလေး တို့ရဲ့ ခရီးသွား အလှ ပုံရိပ်တွေပါ။








Khin Wint Wah and Wyne Lay visited ANANDA PHAYA in Bagan, the ancient city of Myanmar. #KhinWintWah #WyneLay

မျက်နှာသစ် အဆိုတော် ခင်မှုံနီ ရဲ့ “အပျော်မကြံနဲ့” တေးစီးရီး မိတ်ဆက်

$
0
0

မျက်နှာသစ် အဆိုတော် ခင်မှုံနီ ရဲ့ တစ်ကိုယ်တော် တေးစီးရီး “အပျော်မကြံနဲ့” Audio CD စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၉) ရက်နေ့က ရန်ကုန်၊ Orchid Hotel တွင် ပြုလုပ်ခဲ့ပါတယ်။ အခွေ ပရိုမိုးရှင်း (Promotion) ပွဲကိုတော့ လာမယ့် သြဂုတ်လ (၆) ရက်နေ့တွင် သထုံမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။


“အပျော်မကြံနဲ့” သီချင်းအခွေထဲမှာ ကိုယ်တိုင်ရေးထားတဲ့ သီချင်း (၃) ပုဒ် အပါအ၀င် သီချင်း စုစုပေါင်း (၁၂) ပုဒ် ပါဝင်ပါတယ်။ ဂီတအမျိုးအစားတွေကို ပရိတ်သတ် အကြိုက်ဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ အခွေ ပရိုမိုးရှင်း (Promotion) ကို ညီမ ရဲ့ မွေးနေ့ သြဂုတ်လ (၆) ရက်နေ့တွင် မွေးရပ် ဇာတိမြို့ဖြစ်တဲ့ သထုံမြို့မှာ ပြုလုပ်သွားမှာပါ” လို့ အဆိုတော် ခင်မှုံနီ မှ Myanmar Celebrity သို့ ပြောခဲ့ပါတယ်။






The press launch of new face singer, Khin Mhone Ni's solo music album, titled "A Pyaw Ma Kyan Nae", was held at the Orchid Hotel in Yangon on July 29, 2017. #MyanmarSinger #KhinHmoneNi

7 Group ဂီတ အဖွဲ့ရဲ့ "ပလူ တို့ရဲ့ ရာဇဝင်" Audio CD စာနယ်ဇင်း မိတ်ဆက်

$
0
0

အဆိုတော် အသစ် သူငယ်ချင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ "7 Group"တေးဂီတ အဖွဲ့ရဲ့ "ပလူတို့ရဲ့ ရာဇ၀င်"အဖွဲ့လိုက် တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇူလိုင်လ (၂၉) ရက်နေ့က ရန်ကုန်၊ Orchid Hotel တွင် ပြုလုပ်ခဲ့ပါတယ်။ ဒီအခွေမှာ သီချင်း စုစုပေါင်း (၁၅) ပုဒ် ပါဝင်ပြီး၊ သြဂုတ်လ (၇) ရက်နေ့တွင် Bo Bo Music Production မှ စတင် ဖြန့်ချီသွားမယ်လို့ သိရပါတယ်။








The press launch of "7 Group" group music album, titled "Paluto Doe Ye' Yar Za Won", music album was held at the Orchid Hotel in Yangon on July 29, 2017. #MyanmarSinger #7GroupBand

သြဂုတ်လအတွင်း ရုံတင်မယ့် “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကား အထူးပြပွဲ

$
0
0

R Square ရုပ်ရှင် ထုတ်လုပ်ရေး မှ ပထမဦးဆုံး ရုံတင်ပြသမယ့် “ပွဲခံမယ်” ရုပ်ရှင် ဇာတ်ကား အထူးပြပွဲကို ဇူလိုင်လ (၃၀) ရက်နေ့က ရန်ကုန်၊ သမ္မတ ရုပ်ရှင်ရုံတွင် ပြုလုပ်ခဲ့တယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ရိုက်ကူး ပုံဖော်ထားပြီး၊ ထွန်းထွန်း၊ ခန့်စည်သူ၊ နေမျိုးအောင်၊ ထူးခြား၊ အိချောပို၊ မိုးပြည့်ပြည့်မောင် နှင့် အခြား အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ “ပွဲခံမယ်” ရုပ်ရှင် ဇာတ်ကား ကို လာမယ့် သြဂုတ်လအတွင်း ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။









The press screen of "Pwel Khan Mae" movie was held at the president cinema in Yangon on July 30, 2017. #TunTun #EiChawPo #MyanmarMovie

မင်းမော်ကွန်း ပါဝင်တဲ့ “အရှုပ်ထုပ်” ဟာသ ဇာတ်ကား ရိုက်ကွင်း

$
0
0

ဇူလိုင်လ (၂၉) ရက်နေ့က ရန်ကုန်၊ ဒဂုံအရှေ့ပိုင်း ရိုက်ကွင်း အိမ်ရာ မှာ ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူး ပုံဖော်နေတဲ့ “အရှုပ်ထုပ်” ဟာသဇာတ်ကား ရိုက်ကွင်း ပုံရိပ်တွေပါ။ မင်းမော်ကွန်း၊ ဇင်မျိုး၊ ရဲလေးမ၊ စိုးမိုးကြည်၊ အိမ်သစ် နှင့် အခြား အနုပညာရှင်များစွာက ဒီဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်နေကြပါတယ်။













Min Maw Kun, Zin Myo, Ye Lay Ma, Soe Moe Kyi and Eain Thit star in "A Shoke Htoke" movie by director Kyaw Thar Gyi. #MinMawKun #YeLayMa

အလှမယ် W မေရှင်းစိန် မှ “Miss F.M.F Myanmar 2017” သရဖူ ဆွတ်ခူး

$
0
0

Miss F.M.F Myanmar 2017 Grand Final အလှမယ် ပြိုင်ပွဲကို ဇူလိုင်လ (၃၀) ရက်နေ့က ရန်ကုန်၊ Myanmar Convention Center (MCC) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ Miss F.M.F Myanmar 2017 ရဲ့ ပထမဆု Miss F.M.F Myanmar သရဖူကို ပြိုင်ပွဲဝင် ခါးနံပါတ် (၁၄) W မေရှင်းစိန် မှ ဆွတ်ခူး ရရှိခဲ့ပါတယ်။










The Grand Final Contest of "Miss F.M.F Myanmar 2017" Beauty Pageant was staged at the Myanmar Convention Center (MCC) in Yangon on July 30, 2017. W May Shinn Sein, Contestant No.14, was crowned the "Miss F.M.F Myanmar 2017" title award. #MissFMFMyanmar #MissMyanmar #WMayShinnSein

ဟန်ထူးဈာန် ရဲ့ "CELEBRITY"တစ်ကိုယ်တော် တေးစီးရီး ပရိုမိုးရှင်း

$
0
0

အဆိုတော် ဟန်ထူးဈာန် ရဲ့ "CELEBRITY"တေးစီးရီး ပရိုမိုးရှင်း (Promotion) လက်မှတ်ရေးထိုး ဖျော်ဖြေပွဲကို ဇူလိုင်လ (၃၀) ရက်နေ့က ရန်ကုန်မြို့ ၊ လှည်းတန်း စင်တာ တွင် ပြုလုပ်ခဲ့ပါတယ်။ အဆိုတော် ဟန်ထူးဈာန် နှင့်အတူ အနုပညာရှင်မောင်နှမတွေ တက်ရောက် လက်မှတ်ထိုး သီဆိုဖျော်ဖြေခဲ့ကြပါတယ်။













The promotion of Han Htoo Zen's "Celebrity" solo music album was staged at the Hledan Center in Yangon on July 30, 2017. #HanHtooZen #MyanmarSinger

မေဘရီဏီသော် နှင့် ထက်ထက်ထွန်း တို့ရဲ့ ကား မော်ဒယ် ရိုက်ကွင်း

$
0
0

ဇူလိုင်လ (၃၁) ရက်နေ့က ရန်ကုန်၊ ကန်တော်မင် ပန်းခြံရှိ Ray Studio မှာ MMM Car Showroom ကြော်ငြာ ရိုက်ကူးပေးခဲ့တဲ့ စူပါမော်ဒယ် (Supermodels) မေဘရဏီသော် နှင့် ထက်ထက်ထွန်း တို့ရဲ့ ခပ်ဟော့ဟော့ ရိုက်ကွင်း ဖက်ရှင် အလှပုံရိပ်တွေပါ။











Miss Unvierse Myanmar: Htet Htet Htun and May Barani Thaw posed for MMM Car Showroom commercial photos. #HtetHtetHtun #MayBaraniThaw

GALAXY STAR TOP 10 ပြိုင်ပွဲဝင်များ ပရိတ်သတ်များ နှင့် တွေ့ဆုံ

$
0
0

"Galaxy Star Myanmar 2017"သီချင်းဆိုပြိုင်ပွဲမှ Top (10) ပြိုင်ပွဲဝင်များ နှင့် ပရိတ်သတ်များ အမှတ်တရ တွေ့ဆုံပွဲ ("GALAXY STAR" Top Ten Meet Up) ကို သြဂုတ်လ (၆) ရက်နေ့က ရန်ကုန်၊ Junction City မှာ ပြုလုပ်ခဲ့ပါတယ်။ Galaxy Star Top 10 အဆိုရှင်များဟာ ပရိသတ်နှင့်အတူ ပျော်ရွှင်စွာ ဂိမ်းကစားခဲ့ပြီး အမှတ်တရ နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။










"GALAXY STAR" Top Ten Meet Up was staged at the Junction City shopping center in Yangon on August 6, 2017. #GalaxyStar #GalaxyStarMyanmar

ချောင်းသာမှာ ရိုက်ကူးနေတဲ့ "လျှာနဲ့သွား"ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်း

$
0
0

ဒါရိုက်တာ ရာဇ၀င်ကို ရိုက်ကူးပုံဖော်နေတဲ့ "လျှာနဲ့သွား"ရုပ်ရှင်ဇာတ်ကားကို ဇွန်လ (၁၆)ရက်နေ့က ချောင်းသာကမ်းခြေမှာ စတင် ရိုက်ကူးနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် ခန့်စည်သူ၊ မင်းမော်ကွန်း၊ သူရိယ၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ သွန်းဆက် နှင့် အခြားအနုပညာရှင်များစွာ ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် နေကြတယ်ပါတယ်။










Min Maw Kun, Khant Sithu, Thu Ri Ya, Khine Thin Kyi, Yu Thandar Tin and Thun Sett star in "Shar Nae Thwar" movie by director Yarzawon Ko. #KhantSiThu #MinMawKun

"စိုင်းစိုင်း က စိုင်းစိုင်း"တေးစီးရီး အတွက် ပြင်ဆင်နေတဲ့ စိုင်းစိုင်း

$
0
0

"မိုးတွင်းမှာတော့ သီချင်းပဲ ဇောက်ချ လုပ်ဖို့ စီစဉ်နေပါတယ်။ အခုလည်း သီချင်း တော်တော်များများ တီးနေပါတယ်။ ဒီနှစ်ထဲမှာ အပြီး လုပ်မှာပါ၊ ဒီနှစ် မိုးတွင်းမှာ ရုပ်ရှင်တွေလည်း မရိုက်ဘူး၊ တစ်ခြား အလုပ်လည်း ပုံမှန်အလုပ်တွေက လွဲရင် ထူးထူးခြားခြား ဘာမှမလုပ်ပဲ အယ်လ်ဘမ် (Album) တစ်ချပ်စာ သီချင်း အတွက် ပြင်ဆင်နေပါတယ်။"လို့ စိုင်းစိုင်းခမ်းလှိုင် မှ Myanmar Celebrity သို ပြောခဲ့ပါတယ်။


"အကြမ်းအားဖြင့်တော့ ကျွန်တော့် အယ်လ်ဘမ် (Album) နာမည်ကို “စိုင်းစိုင်း က စိုင်းစိုင်း"လို့ ပေးထားတယ်။ ဒါကတော့ ယာယီ ပေးထားတာပါ။ သီချင်းအားလုံး ပြီးသွားရင်တော့ ပြန်ပြောင်းဖြစ်မလား၊ ဒီနာမည်နဲ့ပဲ ထုတ်ဖြစ်မလားတော့ မပြောတက်သေးပါဘူး။ လောလောဆယ် ကျွန်တော့် ရဲ့ အခက်အခဲကတော့ စာသားတွေ ရေးလို့ မပြီးသေးဘူး။ ရေးဖို့ အကြောင်းအရာတွေတော့ ရှိပါတယ်။ ဒါပေမယ့် စကားလုံးတွေက ရေးရတာ တစ်ထိုင်ထည်း မပြီးဘူးဖြစ်နေတယ်။ သီချင်းကတော့ အခု တစ်လော တော်တော် လုပ်ဖြစ်နေပါတယ်။"လို့ စိုင်းစိုင်း ပြောပါတယ်။


"ကျွန်တော် ခရီးသွားနေရင်လည်း ပရိတ်သတ်နဲ့ ထိတွေ့နေအောင် Live ရယ်လို့တော့ မဟုတ်ပဲ ဓာတ်ပုံ ရိုက်ပြီးတော့ ကျွန်တော် ဘယ်နိုင်ငံမှာ ရောက်နေပါတယ်။ ဘယ်နေရာ ရောက်နေပါတယ်။ သီချင်းရေးနေရင်းလည်း သီချင်းရေးနေတဲ့ပုံကို Instagram၊ Facebook Account နဲ့ Facebook Fan Page တွေမှာ တင်ပါတယ်။ ကျွန်တော် ပိုပြီးတော့ ပြောပြချင်တာလေးတွေ ရှိတယ်ဆိုရင် Video ရိုက်တဲ့ အခါတွေရှိတယ်။ Live လွှင့်တဲ့ အခါတွေလည်းရှိပါတယ်။"လို့ စိုင်းစိုင်းခမ်းလှိုင် ပြောပါတယ်။





Myanmar Celebrity Update: Sai Sai is preparing for his new solo music album #SaiSai #SaiSaiKhamLeng

ရေတွင်းရေကန် နှင့် လျှပ်စစ်မီး လှူဒါန်းခဲ့တဲ့ မိုးဟေကို ရဲ့ မွေးနေ့အလှူပွဲ

$
0
0

ဇွန်လ (၂၆) ရက်နေ့ မှာ ကျရောက်မယ့် သရုပ်ဆောင် မိုးဟေကို ရဲ့ မွေးနေ့အကြို အလှူပွဲ ကို ဇွန်လ (၂၂) ရက်နေ့က ပဲခူး၊ (ဒေးစွန်ပါ)၊ မျောက်စက်အင်း ကျေးရွာရှိ ဘုန်းကြီးကျောင်း မှာ ရွာသူ၊ ရွာသား များအတွက် ရေတွင်း ရေကန် နှင့် လျပ်စစ်မီး တို့ကို လှူဒါန်း ခဲ့ပါတယ်။ အလှူပွဲ အပြီးမှာ မိသားစု၊ သူငယ်ချင်းများ နဲ့ အတူ မွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။


"လှူဒါန်းဖြစ်တာတော့ မိဘနှစ်ပါးကို အမှူး ထားတယ်။ (၇) ရက်သားသမီး ပရိတ်သတ်တွေနဲ့ ကွယ်လွန်သွားတဲ့ မောင်လေး တို့ကို ရည်စူးပြီးတော့ ရေတွင်းရေကန် နှင့် လျှပ်စစ်မီး တို့ကို လှူဒါန်းပေးဖြစ်တာပါ။ ဒီလို အလှူမျိုးကို တစ်ခါမှ မလှူဖူးဘူး၊ လှူချင်တယ်လို့ ဘုရားမှာ ဆုတောင်းတာလေးလည်း ပြည့်ဝသွားတယ်။ ဒီကျောင်းလေးမှာ လှူတဲ့အတွက် တစ်ရွာလုံးမှာရှိတဲ့ အိမ်ခြေ (၁၀၀) ကျော်က "မိုး"လှူတဲ့ ရေတွင်းရေကန်မှာ သောက်သုံးရေအဖြစ် သောက်ကြမှာဆိုတော့ အရမ်းဝမ်းသာမိပါတယ်။"လို့ သရုပ်ဆောင် မိုးဟေကို မှ Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။











Moe Hay Ko made a birthday donations at Myauk Satt Inn Viillage Monastery in Bago on June 22, 2017. #MoeHayKo #MyanmarCelebrity

သရုပ်ဆောင် ဘေဘီမောင် ဖွင့်လှစ်လိုက်တဲ့ “Baby & Barani” ဖက်ရှင်ဆိုင်

$
0
0

ဇွန်လ (၂၂) ရက်နေ့က သရုပ်ဆောင် ဘေဘီမောင် ဖွင့်လှစ်ခဲ့တဲ့ "Baby & Barani" Beauty & Fashion House ဆိုင်သစ် ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်၊ တာမွေမြို့နယ်၊ သီတာလမ်းမှာ ပြုလုပ်ခဲ့ပါတယ်။


“ဆိုင်ဖွင့်ဖြစ်တဲ့ အကြောင်းကတော့ အရင်ကတည်းက မိန်းကလေးဆိုတော့ အလှအပလေးတွေ ကြိုက်တယ်။ ဖက်ရှင်နဲ့ ပတ်သက်ရင် ကိုယ်တိုင်ကိုက ခက်လန်းလန်း၊ အမိုက်စားလေးတွေကြိုက်တယ်။ ကိုယ်ကလည်း အနုပညာလုပ်နေတဲ့ အခါကျတော့ ဒီဟာတွေနဲ့ ကိုယ်နဲ့က အပ်စပ်တယ်၊ အဆင်ပြေတယ် ဆိုပြီး လုပ်ဖြစ်တာပါ။” လို့ သရုပ်ဆောင် ဘေဘီမောင် မှ Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။










Baby Maung, well-known actress and photo model, opened "Baby & Barani" Beuty & Fashion House at Tamwe township in Yangon on June 22, 2017. #BabyMaung
Viewing all 13530 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>