Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 13529

ပရိသတ်နဲ့ လေးလကြာဝေးခဲ့တဲ့ "ထက်ထက်မိုးဦး ပြန်လာပြီ "

$
0
0


အကယ်ဒမီ ထက်ထက်မိုးဦး က ရှေ့ဆက်ပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်တော့မယ့် အကြောင်း ပရိသတ်ကို အသိပေးတဲ့"ထက်ထက်မိုးဦး ပြန်လာပြီ "စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီလ (၁၉ ) ရက်နေ့က Sule  Shangrila Hotel မှာ ပြုလုပ်ခဲ့ပါတယ်။  





ဒီအခမ်းအနားကို ဒါရိုက်တာ ပန်းချီစိုးမိုး ၊ ဒါရိုက်တာ မောင်မျိုးမင်း၊ ဦးဝင်းငြိမ်း ၊ အောင်မြတ်သူ ၊ စိန်လင်း ၊ ကြည်ဖြုသျှင်  တို့အပြင် အနုပညာရှင်များ က တတ်ရောက်ခဲ့ပါတယ်။


တောင်ကြီးမြို့မှာ  လေးလကြာ သီလရှင်ဝတ်ခဲ့တဲ့ ထက်ထက်မိုးဦး က  နောက်ပိုင်း ဆက်တိုက်အနုပညာ လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်တော့မှာလို့ ပြောခဲ့ပါတယ် ။ သူမ ရိုက်ကူးထားတဲ့ "ရှယ်ချွေးမ"ရုပ်ရှင်ဇာတ်ကားလည်း မကြာခင် ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။





"ပြန်လာပြီဆိုတာထက် ရင်ထဲမှာ အနုပညာဆိုတာ အမြဲတမ်းရှင်သန်နေတာပါပဲ ။ အနုပညာကိုလည်း ထက် အမြဲတမ်းလေးစားတယ်။ ဘာနဲ့မှလည်း လဲလို့မရဘူး ။ ကျန်တာဘယ်လိုပဲကျရှုံးပါစေ အနုပညာကိုဘယ်တော့မှ အကျရှုံးမခံပါဘူး"လို့ သရုပ်ဆောင် ထက်ထက်မိုးဦး က MC သို့ပြောပါတယ်။






#myanmarcelebrity #htethtetmoeoo

Viewing all articles
Browse latest Browse all 13529

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>