Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 13529

ဒါရိုက်တာသက်နေထွန်းရဲ့ ဇာတ်ကား(၂)ကား ကန်တော့ပွဲပေး

$
0
0


ဒါရိုက်တာ သက်နေထွန်း ရိုက်ကူးမယ့် "ချစ်ခြင်း..အတိတ်..အိပ်မက်နှင့် အနာဂတ် "ဇာတ်ကား  နဲ့ "ကိုယ်စောင့်နတ်"  ဇာတ်ကား ကန်တော့ပေးပွဲ အခမ်းအနား ကို ဧပြီလ (၁၇) ရက်နေ့ က ရန်ကုန် ၊ ရွှေနားပန်ဘုရား မှာ ပြုလုပ်ခဲ့ပါတယ်။ 


"ချစ်ခြင်း..အတိတ်..အိပ်မက်နှင့် အနာဂတ် "ဇာတ်ကား ကို မြတ်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး မှ စီစဉ်ပြီး နေမင်း ၊ နေဒွေး ၊ ဇွဲနိုင်ဝင်း ၊ သီရိယဉ်ကျေးသူ ၊ ခင်စိုးပိုင် ၊ အေးအေးခိုင် နှင့် နိုနို တို့ က အဓိကပါဝင် သရုပ်ဆောင် မှာပဲဖြစ်ပါတယ်။




ဇာတ်လမ်း ND ၊ ဇာတ်ညွှန်း မြေထက်လူ တို့ ပုံဖော်ထားတဲ့  "ကိုယ်စောင့်နတ်"  ဇာတ်ကားမှာ  နေဒွေးနဲ့ မဟေသီ တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမှာ ပဲဖြစ်ပါတယ်။ 


''  ဒီနေ့ကတော့ ဇာတ်ကား(၂)ကား နှစ်ဆန်းတစ်ရက်နေ့ မှာ ကန်တော့ပွဲံပေးတာပေါ့ ။"ချစ်ခြင်း..အတိတ်..အိပ်မက်နှင့် အနာဂတ် "ဇာတ်ကား ကတော့  ဒရမ်မာအကြီးပေါ့ ။ "ကိုယ်စောင့်နတ်"  ဇာတ်ကားကတော့ ဖန်စီဒရမ်မာပါပဲ   ''  လို့ ဒါရိုက်တာ သက်နေထွန်း က MC သို့ပြောပါတယ်။











#myanmarcelebrity
#thetnayhtun #naydwae #naymin #khinsoepaing #thriyinkyaythu

Viewing all articles
Browse latest Browse all 13529

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>