Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 13522

"Dimensions"ရုပ်ရှင်ဇာတ်ကား Red Carpet အနုပညာရှင်များတတ်ရောက်

$
0
0

"Dimensions"ရုပ်ရှင်ဇာတ်ကား  Red Carpet အခမ်းအနား ကို ဖေဖော်ဝါရီလ (၇) ရက်နေ့ က ရန်ကုန်၊ Junction City မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်များ အပြင် အောင်မင်းခန့်  ၊ အေးမြတ်သူ ၊ မေမြတ်နိုး ၊ မိုးစက်ဝိုင် ၊ မယ်ရီ ၊ ထက်ထက်ထွန်း နှင့် ဖိတ်ကြားထားသော မိတ်ဆွေများ တတ်ရောက် ခဲ့ကြပါတယ်။



ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဥာဏ်ထင် ကရိုက်ကူးထားတာဖြစ်ပြီး  သရုပ်ဆောင် ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ၊ ဦးဝင်းမြိုင်၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ သီဟ၊ ဟန်ထူးနိုင်နဲ့ ရဲမွန်  နှင့်အတူ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဖေဖော်ဝါရီလ(၉) ရက်နေ့ မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံကြီးများမှာ ရုံတင်ပြသသွားမယ် လို့ သိရပါတယ်။


"အဓိကတော့ ဒီဇာတ်ကားလေးက အက်ရှင်ကို အဓိကဦးစားပေးပြီး ရိုက်ထားတာကြောင့် ပရိသတ်ကလည်း အထူးအဆန်း လေးဖြစ်သွားတာပေါ့နော်။ မှတ်မှတ်ရရ ပထမဦးဆုံး ရုံတင်ခွင့်ရတဲ့ ကျွန်တော့်ရဲ့ အက်ရှင် ဇာတ်ကားလေးတစ်ကားလည်း ဖြစ်ပါတယ်။ ကျွန်တော့်က ပထမဦးဆုံး ရိုက်ထားတာဖြစ်တာကြောင့် လိုအပ်ချက်တွေ ရှိရင်နားလည်ပေးဖို့ မျှော်လင့်ပါတယ် "လို့ သရုပ်ဆောင် ခါရာ က MC သို့ပြောပါတယ်။






























#MyanmarCelebrity #KhaRar #NyanHtin #AliceOng #JaSangIng#MinMyatSoeSan #AungMinKhant #MoeSattWyne #MayMyatNoe #Mary #AyeMyatThu #HtetHtetHtun 

Viewing all articles
Browse latest Browse all 13522

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>