Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 13529

ခေတ်၊သစ် ကျန်းမာရေးနှင့်ပညာရေး ဖောင်ဒေးရှင်းတည်ထောင်ဖို့စီစဉ်နေတယ်-လင်းလင်း

$
0
0

မေမြန်မာခေတ်  ၊ မေမြန်မာသစ် နာမည်နဲ့ ကလေးများအတွက် ရည်ရွယ်ပြီး ကျန်းမာရေး နှင့် ပညာရေး ဖောင်ဒေးရှင်း တစ်ခုတည်ထောင်ဖို့ စီစဉ်နေတယ်လို့  အဆိုတော် လင်းလင်း က MC သို့ပြောပါတယ် ။

“ ဖောင်ဒေးရှင်းဆိုတာကတော့ နာမည်တွေ ခေါင်းစဉ်တွေ အောက်မှာတော့ အငြင်းမပွားချင်ဘူး။ အဓိက ရည်ရွယ်ချက်ကတော့ ခေတ် ၊ သစ် ကလေးသူငယ်များ ကျန်းမာရေး ၊ ကလေးသူများ အနာဂတ်ပညာရေး ပေါ့။ ကျွန်တော်တို့က မတည်ငွေတစ်ခုနဲ့မတည်မှာပါ  ” - လင်းလင်း





“သမီးလေးနှစ်ယောက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အချိန်ပေါ့ ။ အသက် (၁၆)နှစ် ကျော်ရင်တော့  မိဘတွေလုပ်ပေးခဲ့တာကို ဆက်လုပ်ချင်လုပ် မလုပ်ချင်လဲနေပေါ့နော် ။ သူတို့ မသိတတ် မဆုံးဖြတ်နိုင်သေးတဲ့အချိန်မှာ မမထရီဇာတို့က ဖောင်ဒေးရှင်းလေးတစ်ခု တည်ထောင်မယ်။ မမထရီဇာတို့ကတော့ ကျန်းမာရေး ၊ ပညာရေး ခေါင်းစဉ်အောက်မှာပဲ သွားမယ်။ ရေရှည်သွားရမှာဖြစ်တဲ့အတွက်ကြောင့် ပရဟိတသမားတွေနဲ့လည်း တိုင်ပင်ပြီး အတိအကျလေးဖြစ်တော့မှ ပရိသတ်ကြီးကိုပြောပြပါမယ်။ မမထရီဇာတို့ကတော့ မတည်မှုတစ်ခုနဲ့ မတည်မယ်။ အဲ့မှာမှ ခေတ်လေးနဲ့သစ်လေးနဲ့ကို ချစ်တဲ့ပြည်သူတွေ အပမ်းမကြီးတဲ့ ငွေပမာဏလေး နဲ့ စုပေါင်းပြီးတော့သာ လှူလိုက်မယ်ဆိုရင် မမတို့နိုင်ငံမှာ လိုအပ်တဲ့ ကွက်လပ်လေးတွေကို တစ်ပိုင်တစ်နိုင်ဖြည့်နိုင်မယ်။ မမထရီဇာတို့ကတော့ အမိုးအောက် အကာအောက်မှာ နေတယ်ဆိုပေမယ့် မနေနိုင်တဲ့သူတွေလည်း အများကြီးရှိတယ်” လို့ ဖောင်ဒေးရှင်း တည်ထောင်မယ့် ဆန္ဒနဲ့က်သက်ပြီး သရုပ်ဆောင် အဆိုတော် ချစ်သုဝေက ပြောပြပါတယ်။
By MyanmarCelebrity






#MyanmarCelebrity #LynnLynn #ChitThuWai

Viewing all articles
Browse latest Browse all 13529

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>