အဆိုတော် Y Zet ရဲ့"ဇ"အခွေ (၆)လပြည့်အထိမ်းအမှတ်အဖြစ် We Love Fan တွေနဲ့အတူဒီဇင်ဘာလ (၁၇) ရက်နေ့ကရန်ကုန်၊မြောက်ဒဂုံမြို့နယ်ရှိလူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းမှာအလှူပြုလုပ်ခဲ့ပါတယ်။
"ကျွန်တော့်ရဲ့အခွေ (၆) လပြည့်အနေနဲ့ အလှူလုပ်ဖြစ်တာပေါ့ ။ ကျွန်တော် အလှူလုပ်ချင်တာလေးကို Group ထဲက ညီမလေး ၊ ညီလေး တွေကလည်း ကူညီပြီးလုပ်ပေးချင်တယ်။ တွေ့လည်း တွေ့ချင်တယ်ဆိုတာနဲ့ လုပ်ပေးဖြစ်တာ " - Y Zet
#MyanmarCelebrity #YZet