Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 13529

Copy နဲ့ Reference ကွာခြားတယ်လို့ ပြောလာတဲ့ လွှမ်းပိုင်

$
0
0

"ကျွန်တော့် ရဲ့ Teaser (ကြော်ငြာ) ဗီဒီယိုလေးတင်နေတဲ့ အချိန်မှာ နိုင်ငံခြားအဆိုတော် တစ်ယောက် ရဲ့ သီချင်းကို Copy လုပ်ထားပါတယ် ဆိုပြီး ပြောကြပါတယ်။ ပထမတော့ ဘာမှ မပြောသေးပါဘူး။ ပြောလာတာတွေ များလာတော့ ကျွန်တော့် ရဲ့ ပရိတ်သတ်တွေကပါ ဟုတ်လား မသိဘူးဆိုပြီး ဇဝေဇ၀ါ ဖြစ်လာတဲ့ အချိန်မှာ Copy နဲ့ References ကွာခြားပုံတွေ ရှင်းပြဖို့ လိုမယ်ထင်ပါတယ်၊ ဒီသီချင်းကို ကျွန်တော် ကိုယ်တိုင်ပဲ မူရင်း အဆိုတော် ဆီကို ပို့တယ်။ ကျွန်တော် မြန်မာနိုင်ငံက အဆိုတော် တစ်ယောက်ပါဆိုပြီး၊ ဒီသီချင်းကို ဆိုထားတယ်။ ပရိတ်သတ်တွေက ဒီသီချင်းကို Copy လို့ မြင်တယ်။ မင်းရော ဘယ်လိုမြင်လဲလို့ မေးတယ်။ သူကိုယ်တိုင်က ပြန်ပြောတယ် တစ်ချို့နေရာတွေ ဆင်တယ်၊ ဒါပေမယ့် သူ့ပုံစံနဲ့ ရောစပ်ထားတယ်လို့သာ ပြောပါတယ်။"လို့ အဆိုတော် လွှမ်းပိုင်းမှ Copy နဲ့ Reference ကွာခြားပုံကို Myanmar Celebrity သို့ ပြောပြပါတယ်။


"အဲလိုဖြေရှင်းရင်းနဲ့မှ တစ်ဆင့် ကျွန်တော် သူနဲ့ သီချင်းတွဲ လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ သူ့ဘက်ကတော့ ကျွန်တော့်ကို သီချင်းတွဲ လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူး ဆိုတာတော့ မပြောသေးဘူး။ လုပ်ဖြစ်ရင်တော့ ပရိတ်သတ်ကို အသိပေးပါ့မယ်"လို့ လွှမ်းပိုင် က ပြောခဲ့ပါတယ်။










Viewing all articles
Browse latest Browse all 13529

Trending Articles