Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 13529

လာငှားတာ နည်းလို့ ကားရိုက်ကျဲ သွားတာပါဆိုတဲ့ ဖြိုးငွေစိုး

$
0
0

"ကျွန်တော်က ဟာသ ပညာရှင်လည်း မဟုတ်ဘူး၊ လူရွှင်တော်လည်း မဟုတ်တော့ ဟာသကို သိပ်မကျွမ်းကျင်ဘူး။ ရိုက်ဆိုလို့သာ ပုံမှန်လေး ရိုက်နေရတာ။ ကျွန်တော့် ရဲ့ ရည်ရွယ်ချက်က ကျွန်တော် ရိုက်တဲ့ ဇာတ်ကားလေးတွေကို ကျွန်တော် ကြိုက်ရမယ်၊ ကျွန်တော့် ပတ်ဝန်းကျင်က ကြိုက်ရမယ်။ အဲဒါဆိုရင် ကျွန်တော့် ပရိတ်သတ် ကြိုက်လောက်မယ်လို့ ယူဆတယ်။ အခု နောက်ပိုင်းမှာတော့ ဇာတ်ကားတွေ အများကြီး မရိုက်ရရင်နေ၊ အပြင်မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဇာတ်လမ်းတွေကို ရွေးပြီး ရိုက်ဖြစ်ပါတယ်။"လို့ သရုပ်ဆောင် ဖြိုးငွေစိုး မှ Myanmar Celebrity သို့ ပြောခဲ့ပါတယ်။


"အရင်တုန်းကတော့ ကိုယ်ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကျွန်တော်တို့မှာ ရွေးချယ်ခွင့် မရှိဘူး၊ ရိုက်ရတယ်။ အခုခေတ်ရောက်တော့ သရုပ်ဆောင်တွေမှာရော၊ ပရိတ်သတ်တွေမှာရော ရွေးချယ်စရာ လမ်ကြောင်းတွေက အများကြီး ရှိလာတယ်။ အဲတော့ အရင်ကထက် ပိုပြီး ဇာတ်ကား ရိုက်ကူးမှုတွေက သပ်ရပ် လာသင့်တယ်၊ ပိုကောင်း လာသင့်တယ်လို့ ထင်ပါတယ်။"လို့ “ပေါ်တင်တော်လှန်ရေး” ဗီဒီယိုဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်နေတဲ့ ဖြိုးငွေစိုး က ပြောခဲ့ပါတယ်။





“ပေါ်တင်တော်လှန်ရေး” ဗီဒီယိုဇာတ်ကား ရိုက်ကွင်း



Viewing all articles
Browse latest Browse all 13529

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>