Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 13529

ဥရောပ (၆) နိုင်ငံသို့ သွားရောက်ရိုက်ကူးမယ့် "RIDE ON EUROPE"

$
0
0

သရုပ်ဆောင် ကျော်ကျော်ဗို ဦးဆောင် ရိုက်ကူး တင်ဆက်မယ့် "Ride On Europe"ခရီးစဉ် မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ (၁၉) ရက်နေ့က ရန်ကုန်၊ Taw Win Garden Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ အရှေ့ ဥရောပ ရဲ့ နိုင်ငံ (၆) နိုင်ငံသို့ အလည်အပတ် သွားရောက်ပြီး၊ နိုင်ငံတစ်ခုခြင်း ဆီမှာရှိတဲ့ ဒေသထွက် အစားအစာ၊ ရိုးရာယဉ်ကျေးမှုတွေ အပြင် စိတ်လှုပ်ရှားစရာတွေကို တင်ပြသွားမယ်လို့ သိရပါတယ်။


ခရီးစဉ် တစ်လျှောက်လုံးကို ဒါရိုက်တာ သည်ခေတ်နေ က ရိုက်ကူးမှာဖြစ်ပြီး၊ သရုပ်ဆောင် ကျော်ကျော်ဗို နှင့်အတူ သရုပ်ဆောင် မာရီိကိုးလ် က ဒီခရီးစဉ်မှာ လိုက်ပါမှာဖြစ်ပါတယ်။ "Ride On Europe"ခရီးစဉ်ကို လာမယ့် ဇွန်လ (၂၄) ရက်နေ့မှာ သွားရောက် ရိုက်ကူးမှာဖြစ်ပြီး၊ MNTV ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။









Viewing all articles
Browse latest Browse all 13529

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>