အဆိုတော် ဇွန်ဝေယံ ရဲ့ တစ်ကိုယ်တော် တေးစီးရီး “အရုပ်” Audio CD ပရိုမိုးရှင် (Promotion) ကို မွေးနေ့ဖြစ်တဲ့ ဇွန်လ (၁၁) ရက်နေ့က ရန်ကုန်၊ လှည်းတန်းစင်တာ မှာ ကျင်းပခဲ့ပါတယ်။ အနုပညာရှင်၊ အဆိုတော်များမှ အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ Promotional Mini Music Concert ဖြင့် သီဆို ဖျော်ဖြေခဲ့ပါတယ်။